Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်အပြန်ခရီးလှပခဲ့ကြတဲ့ တဲ့ အက်စတာနဲ့ ဘင်ဂျမင်း

မြန်မာနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး သီချင်းဆိုပြိုင်ပွဲတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာအိုက်ဒေါသီချင်းဆိုပြိုင်ပွဲဟာဆိုရင် အားပေးဝန်းရံတဲ့ ပရိသတ်များစွာရရှိခဲ့တာဘဲဖြစ်ပါတယ်။ season တစ်ပြီးတစ်ခုကိုလဲ စိတ်ဝင်စားစရာကောင်းတဲ့ နယ်ပယ်အစုံက ဝါသနာရှင်တွေကိုတွေ့မြင်ရပြီး ယခုချိန်ထိကို season 4ထိပြီးမြောက်ခဲ့ပြီးဖြစ်ပါတယ်။

ရှေ့season 3ခုလိုဘဲ ယခုပြီးဆုံးခဲ့တဲ့ season 4ဟာလဲ အရမ်းကို အောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။ ပြိုင်ပွဲဝင် ၁၁ဦးလုံး ဟာ ပါးနပ်သွက်လက်တဲ့ လူငယ်ဝါသနာရှင် အဆိုတော်တွေဖြစ်ပြီး တစ်ယောက်စီတိုင်းကို ဝန်းရံရဲ့ ပရိသတ်တွေကလဲ အရမ်းကိုများပြားလှပါတယ်။

Voting အများဆုံးနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ ပြိုင်ပွဲဝင်တွေကတော့ ဘင်ဂျမင်၊ အေးမြဖြူနဲ့ အက်စတာတို့ဘဲ ဖြစ်ပါတယ်။ သူတို့ထဲမှာတော့ အက်စတာက Winner ရရှိခဲ့ပြီး လက်ရှိမှာ ကိုယ်စီကိုယ်စီမွေးရပ်မြေကိုပြန်ခဲ့ကြပါပြီး။

Winner ဆုကြီးကိုသိမ်ပိုက်နိုင်ခဲ့တဲ့ အက်စတာရဲ့အပြန်ခရီးမှာ ပရိသတ်တွေများစွာ ကကြိုဆိုခဲ့ကြပါတယ်။ အလားတူ ဘင်ဂျမင် ရဲ့ အိမ်အပြန်ခရီးဟာလဲ အရမ်းကိုပြီးပြည့်စုံခဲ့ပါတယ်။ သူတို့ကိုချစ်ကြတဲ့ ပရိသတ်ကြီး ကြည့်ရှု့နိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Myanmar Idol Season 4 မှာ Winner ရရှိသူ အက်စတာ ကို သိန်း(၅၀၀) ဆုကြေးတွေအပြင် တစ်ကိုယ်တော်တေးစီးရီး ထုတ်နိုင်မယ့်အခွင့်အရေး၊ အိပ်ခန်း (၂)ခန်းပါ တိုက်ခန်းတစ်ခန်းကိုလည်း ဆုကြေးအဖြစ် ရရှိခဲ့တာ ဖြစ်ပြီး Oppo ကလည်း ဆုကြေးသိန်း(၂၀၀) ထပ်မံချီးမြှင့်ခဲ့ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်  Runner Up တွေဖြစ်တဲ့ အေးမြဖြူ နဲ့ ဘင်ဂျမင် တို့ကိုလဲ ဆုငွေ(၇၅)သိန်းစီ နဲ့ Sponsor ကုမ္ပဏီများက အသီးသီး ချီးမြှင့်ခဲ့ကြပါတယ်။

Myanmar idol ဟာ ဆိုရင် season 1 မှ 3အထိကို အမျိုးသား winner ဆုရှင်တွေကို မွေးထုတ်ပေးခဲ့ပြီး Season 1မှာတော့ စောလားထော်ဝါး ၊  Season 2 မှာ သားငယ် နဲ့  Season 3 မှာတော့ ဖြိုးမြတ်အောင် တို့က Winner ဆု တွေအသီးသီး ရရှိခဲ့တာဖြစ်ပြီး ယခု season 3 မှာတော့ အမျိုးသမီးပြိုင်ပွဲဝင်  Esther က Winner ဆုကို ပိုင်ဆိုင်ခဲ့တာ ဘဲ ဖြစ်ပါတယ်။

Snow(mcc)
Source – အက်စတာ ၊ ဘင်ဂျမင်း

(Visited 13144 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ