Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်မှာနေရင်း ဆံပင်ညှပ်စွမ်းရည်ကို အံ့မခမ်းထုတ်ပြခဲ့တဲ့ စိုးပြည့်သဇင်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့ အနုပညာလောကမှာ တစ်ရှိန်ထိုး အောင်မြင်မှုတွေ ရရှိလာခဲ့တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် စိုးပြည့်သဇင်က သရုပ်ဆောင်စွမ်းရည်တွေ ၊ အဆိုစွမ်းရည်တွေမှာ သာ ကျွမ်းကျင်နေသူမဟုတ်ဘဲ ဆံပင်ညှပ်တဲ့စွမ်းရည်တွေကလဲ သူ့ရဲ့ မွေးရာပါ ပညာရပ်များလို့တောင်ထင်ရပါတယ်။ သူ့အိမ်ကကောင်မလေးကို ဒီနေ့ ဆံပင်ညှပ်ပေးခဲ့ပြီး ​ပထမဆုံးအကြိမ်ညှပ်ပေးဖြစ်တာဖြစ်လို့ ခြေတုန်လက်တုန်နေပေမယ့် လက်ရာကတော့ ပရိသတ်တွေ အံ့သြသွားလောက်အောင်ပါဘဲ။

သူက ဆံပင်ညှပ်ပေးဖြစ်ပုံလေးကို ” မမ..သမီးဆံပင်ညှပ်ချင်လို့….ဟင်😳..အမကိုယုံလို့လား…မညှပ်ဖူးဘူးနော်…ဟုတ်ရတယ်…သမီးပူလို့တိုတိုလေးညှပ်ချင်တယ်တဲ့..အေးအေးဆိုပြီး…တုန်တုန်ရီရီနဲ့ညှပ်ရတာပေါ့…ညှပ်နေရင်းအားပေးစကား တော့ပြောရသေးတယ်…သမီးမပူနဲ့ပုံတော်တော်ပျက်သွားရင်အမကတုံးတုံးပေးမယ်…😌ညှပ်ခိုင်းတဲ့သူတော့ကျောချမ်းသွားမလားမသိဘူး..😌ဘာဘဲဖြစ်ဖြစ်ခုလိုတခါမှမညှပ်ဖူးတဲ့သူကိုယုံယုံကြည်ကြည်ညှပ်ခိုင်းတဲ့ညီမငယ်ကိုကြိုးစားပြီးညှပ်ပေးလိုက်ပါတယ်…” လို့ ဆိုကာ ပြောပြခဲ့ပါတယ်။

စိုးပြည့်သဇင်က စိုးညီအစ်မတွေထဲက တစ်ဦးဖြစ်ပြီး သူကအကယ်ဒမီ ထူးချွန်ဆုကြီး တစ်ဆုကိုလဲရရှိပိုင်ဆိုင်ထားပါတယ်။ သူက ဗီဒီယိုခေတ်ကနေစလို့ ယခုရုပ်ရှင် ဇာတ်ကားကြီးတွေ ခေတ်စားလာတဲ့ ခေတ်မှာလဲ သူအောင်မြင်နေဆဲပါ။ စိုးပြည့်ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သူရဲ့တစ်နေ့တာဖြတ်သန်းမှုပုံစံလေးကို ဖော်ပြပေးလိုက်ပါတယ်။

Snow(mcc)

(Visited 4991 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ