Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်မက်ထဲမှာ အိမ်မက်ပြန်နေတယ် ဆိုတဲ့ ပိုင်တံခွန်

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ပိုင်တံခွန်က သူ့ကိုချစ်ခင်အားပေးတဲ့ ထိုင်းမလေးတွေရဲ့ ကြားမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာ fan metting ပြုလုပ်ဖိတ် ဖိတ်ကြားခံရတဲ့အပြင် ထိုင်းမီဒီယာတွေအားလုံးကပါ ဖော်ပြခြင်း ခံထားရပြီး တကယ့်ကို အောင်မြင်နေပါတယ်။

ပိုင်တံခွန်က မြန်မာနိုင်ငံရဲ့ မော်ဒယ်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုကတော့ ပြည်ပနိုင်ငံတွေဘက်မှာ ပိုများနေတာကြောင့် မြန်မာတွေအတွက် တကယ့်ကို ဂုဏ်ယူစရာ တစ်ခုဖြစ်နေခဲ့ပါတယ်။

ထိုင်းမလေးတွေရဲ့ အသည်းကျော် ဖြစ်နေတဲ့ ပိုင်တံခွန်ကတော့ သူ့အနေနဲ့ ယခုလို ကြုံတွေ့နေရတဲ့ အရာတွေက မက်ချင်နေတဲ့ အိမ်မက်ထဲ အိမ်မက်ဆက်မက်နေသလိုပါဘဲ လို့ ပြောလာပါတယ်။ သူ က ” ကျနော် သိပ်မက်ချင်တဲ့ အိပ်မက်ထဲမှာ အိပ်မက်ထပ်မက်နေသလိုပါပဲ ပရိတ်သတ်ကြီးရယ် ” ဆိုကာ သူ့ရဲ့ ဖေ့စ်ဘုတ်မှာရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့သူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – paing phyo thu’sfb ၊ Htet Paing Ye

(Visited 620 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ