Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်ထောင်သက် (၁၃)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ခီမောင်နှံ

အနုပညာလောကမှာ လှုပ်လှုပ်ခက်ခက်တွေဖြစ်စေခဲ့အထိ အစွမ်းအစကြီးမားလှတဲ့ ခီမောင်နှံဟာ ရုပ်ရှင်ကားနှစ်ကားထဲနဲ့တင် ပြည်သူ့အချစ်တော်တွေ ဖြစ်နေခဲ့ပါတယ်။ ရုပ်ရှင်ကားတွေကိုလဲ လောဘတကြီးရိုက်ကူးတာမျိုးမဟုတ်ဘဲ အရည်အသွေးပြည့်မှီတဲ့ ရုပ်ရှင်ကားတွေကိုသာ အချိန်ပေးရိုက်ကူးနေတဲ့ သူတွေလဲ ဖြစ်တယ် ။

ခရစ်စတီးနားခီ နဲ့ ဇဏ်ခီ တို့ နှစ်ယောက်ဟာ ပြည်ပမှာ အလုပ်ရင် ကျောင်းတက်ရင်းကနေ စတင်ခင်မင်ခဲ့ကြပြီးနောက် အနုပညာအပေါ် ရူးသွပ်ခြင်းတွေမှာလဲ ဝါသနာတူကြပြီး နောက်ဆုံးမှာတော့ ဝါသနာတူနှစ်ယောက် ပေါင်းဖက်ဖြစ်ခဲ့ကြတာလဲ ဖြစ်ပါတယ်။ တစ်ဦးက ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာဖြစ်ပြီး တစ်ဦးကတော့ ပုံဖော်သူ မင်းသားလေးပေါ့နော်။

ဒီလိုနဲ့ သူတို့နှစ်ဦးလက်တွဲလာခဲ့ကြတာဟာ အိမ်ထောင်သက်တမ်း ၁၃နှစ်ရှိခဲ့ပြီဖြစ်ပြီး သူတို့နှစ်ဦး တွေ့ဆုံရင်းနှီးခဲ့ကြတာကတော့ ၁၉နှစ်ရှိနေပြီ ဖြစ်တယ်လို့လဲ သိရပါတယ်။ သူတို့မှာ သားလေးတစ်ယောက်ရှိပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာလဲဖြစ်ပါတယ်။

ခီမောင်နှံလို့ အများချစ်စနိုးနဲ့ ခေါ်ဖြစ်ခဲ့တာကတော့ သူတို့ရဲ့ အနုပညာဖန်တီးမှုတွေဖြစ်တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီး ၊ မုဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးတွေကြောင့် လူသိများကျော်ကြားကာ ခီမောင်နှံရယ်လို့ ဖြစ်ခဲ့ပါတယ် ။ တတိယမြောက်ရုပ်ရှင်ဇာတ်ကားအဖြစ် Now & Ever ရုပ်ရှင်ဇာတ်ကားကြီးဟာလဲ မကြာခင် မှာ ပရိသတ်တွေထံရောက်ရှိလာတော့မယ် ဆိုပြီးအားလုံးကစောင့်မျှော်နေကြပါတယ်။

ခီမောင်နှံရဲ့ အိမ်ထောင်သက် ၁၃နှစ်အတွက် ပျော်ပျော်ရွှင်ရွှင် ညစာစားခဲ့ကြပြီး သူတို့ အတွက် ဆုမွန်ကောင်းတောင်းပေးကြရအောင် နော်။ ဖတ်ရူ့သူပရိသတ်အပေါင်းကျေးဇူးအထူးတင်ရှိပါတယ်။

Source – Zenn kyi’s fb

(Visited 236 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ