Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်ထောင်သက်တမ်း (၉)လပြည့်ခဲ့ပြီ ဆိုတဲ့ ရွှေနှစ်ရွှေ

အခက်အခဲတွေ ဝေဖန်သံတွေကြားမှာ လက်တွဲခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ယနေ့မှာတော့ အိမ်ထောင်သက်တမ်း (၉)လပြည့်ခဲ့ပြီးဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ စတင်ချစ်ကြိုက်တဲ့အချိန်ထဲက အရမ်းတွေကို Ro ကြလို့ ပရိသတ်တွေအားကျခဲ့ရတာလဲ ရှိသလို သူတို့ရဲ့ အတိတ်တွေကြောင့် အပြစ်တင် ဝေဖန်ပြောဆိုကြတာတွေလဲ ရှိပါတယ်။ ဒါပေမယ့်လဲ သူတို့နှစ်ဦးကတော့ သတ္တိရှိစွာ သူတို့နှစ်ဦးရဲ့ အချစ်တွေကို နားလည်အောင် ပရိသတ်တွေကို တစ်ဖြေးဖြေးချင်းချပြခဲ့ကြပြီး ယခုချိန်ထိဆိုရင် ၉လတိတိပြည့်ခဲ့ပါပြီး။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ သူတို့နှစ်ဦးတွေ့ဆုံတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကား ကြီး မှာတင် ဆုံတွေ့ပြီး နောက် ချစ်ကြိုက်ခဲ့ကြကာ ဖြစ်ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့မှာတော့ သူတို့ရဲ့ အချစ်တွေကို သက်သေထူခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်အချိန်ပေးကြသလို တစ်ယောက်နဲ့တစ်ယောက်လဲ ဖေးမကူညီရင်း အနုပညာအလုပ်တွေကိုလဲ ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ကြပါတယ်။ ရွှေထူးကလဲ သီချင်းတွေဆက်လုပ်ပြီး ရုပ်ရှင်ကားတွေလဲ များစွာရိုက်ကူးနေသလို ရွှေမှုံကလဲ ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူပုံဖော်လျက်ရှိပါတယ်။

ယနေ့မှာတော့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်း ၉လပြည့်ကို ရိုးဆင်းစွာ ကျင်းပနေတာဘဲ ဖြစ်ပါတယ်။ ရွှေနှစ်ရွှေအတွက် ဆုမွန်ကောင်းတွေတောင်း ပေးလိုက်ကြပါအုံးနော်။ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Htoo Khant’sfb

(Visited 360 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ