Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်ထောင်သက်တမ်း ၁၇ နှစ်ပြည့်ခဲ့ပြီ ဆိုတဲ့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံ

အနုပညာလောကမှာ ယနေ့ချိန်ထိ နာမည်ဂုဏ်သတင်း ကျဆင်းသွားခြင်းမရှိဘဲ အောင်မြင်မှုတွေကို ထိန်းထားနိုင်တဲ့ မင်းသမီးလို့ပြောရမယ် ဆိုရင် မပွတ်ကျွတ် ဆိုပြီး နာမည်ကြီးခဲ့တဲ့ မခိုင်သင်းကြည်ဘဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်လောကမှာ ကျရာဇာတ်ရုပ်ကနေ အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး ၊ အိမ်ထောင်ရေးမှာ လဲ လူအများအားကျရတဲ့ အိမ်ထောင်ရေးမျိုးကို တည်ထောင်ထားတာလဲ ဖြစ်ပါတယ်။ အဲ့ဒီလို နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ထောင်ခဲ့တဲ့ အိမ်ထောင်ရေးဟာ သက်တမ်း ၁၇ နှစ်ရှိခဲ့ပြီလို့ သိရပါတယ်။

အိမ်ထောင်သက် ၁၇နှစ်ပြည့်တဲ့အနေနဲ့ ယနေ့မနက်မှာတော့ ခိုင်သင်းကြည် တို့ မိသားစုဟာ ဗိုလ်တစ်ထောင် စေတီတော်မြတ်ကြီး မှာ ရွှေပြား သင်္ကန်းကပ်လှူပူဇော်ခဲ့ပါတယ်။ ဒီအလှူနဲ့ ပတ်သက်ပြီး မခိုင်လေးက “တယောက်နဲ့တယောက်ချစ်ချင်းမေတ္တာတွေ၊နားလည်မှု့တွေ၊ ဂရုစိုက်မှူ့တွေနဲ့၁၇နှစ်တိုင်ခဲ့ပါပြီ “Today is our 17th Anniversary ” ရည်းစားသက်တမ်း ၈နှစ် အိမ်ထောင်သက် ၁၇နှစ်မှာ ကိုယ့်ကိုအမြဲဦးစားပေးပြီး အခုအချိန်ထိ အရင်တုန်းကလိုချစ်နေတုံးဘဲဆိုတာယုံပါတယ်အချစ်ရေ၊ နှစ်ပတ်လည်အလှူ အဖြစ်” ဗိုလ်တစ်ထောင် စေတီတော် မြတ်ကြီး” မှာရွှေပြားသင်္ကန်းကပ်လှူပူဇော်ပါတယ်ရှင်” ဆိုကာ ပုံလေးတွေနဲ့အတူ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် သမီးဖြစ်သူ စံထိပ်ထားဦးကလဲ “ Happy 17th anniversary ပါဖေဖေနဲ့မေမေ❤Thank you for raising me so well till now❤and most importantly, thank you for giving life to me❤ I love you both♥” သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားဖော်ပြထားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကလဲ သူတို့မိသားစုလေးအတွက် ဆုတောင်းပေးလိုက်ကြပါဦးနော်။ နှစ်ပေါင်း ရာကျော်တိုင် အသက်ရှည်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ MCC မိသားစုမှ ဆုမွန်ကောင်း တောင်းပေး ပါတယ် နော်။

Source – sanhtatehtaroo, khaingthinkyi’s fb
Snowpiki(MCC)

(Visited 2563 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ