Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်အတွက် ကိုယ်တိုင်သွားလှူ မယ့် ခိုင်နှင်းဝေ

သြဂုတ်လ (၈)ရက်နေ့ညက စတင်ရွာသွန်းခဲ့တဲ့ မိုးကြောင့် မွန်ပြည်နယ် နဲ့ကရင်ပြည်နယ်တို့မှာရှိတဲ့ဒေသတစ်ချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခသည် ထောင်ချီရှိခဲ့ပါတယ်။ အဆိုပါဒုက္ခသည်တွေအတွက် အစစအရာရာ လိုအပ်နေတာကြောင့်ကူညီပေးနေတဲ့ဠအနုပညာရှင်များစွာနဲ့ ပရဟိတ အဖွဲ့အစည်းများစွာရှိနေပြီး အဲ့ ဒီထဲကမှ ခိုင်နှင်းဝေကတော့ အိမ်ထောင်စု(၁၁၄၃)စုကို ဆန်နဲ့ အစားအသောက်များ လှူဒါန်းသွားမယ် လို့ သိရပါတယ်။

ပရဟိတမင်းသမီးလေးလို့ ပရိသတ်တွေကြားမှာ တင်စားကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ရေဘေးသင့်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းမှာပဲ ဖြစ်ပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဒေါ်လန်းကျေးရွာအုပ်စု မှရေဘေးသင့်ပြည်သူများ ကို ခိုင်နှင်းဝေပရဟိတအသင်းမှ သဘာဝဘေးအန္တရာယ်များအတွက်ရံပုံငွေထဲမှ ၅၀၀၀၀၀ မတည်ကာ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

လှူဒါန်းဖွယ် ပစ္စည်းတွေကတော့ ဒေါ်လန်းကျေးရွာအုပ်စု အိမ်ခြေ စုစုပေါင်း — ၁၁၄၃ စု… အိမ်ထောင်စုတစ်စုလျှင်,,,ဆန် — ၅ပြည် (တစ်ပြည် ၁၀၀၀ထောင် နှုန်း×၅ = ၅၀၀၀ကျပ် ) ဆီ၁လီတာ — ၂ဗူး ( ၁ဗူး၈၀၀ကျပ်×၂ = ၁၆၀၀ကျပ်) ငါးသေတ္တာ — ၁၀ဗူး ( တစ်ဗူး၃၅၀ကျပ်×၁၀ = ၃၅၀၀ကျပ်) ရေသန့်၁လီတာ — ၁ကဒ် ( ၈၅၀ကျပ်) မုန့်ခြောက် — ၂ထုပ် (တစ်ထုပ် ၇၀၀ ကျပ်×၂ = ၁၄၀၀ကျပ်) အိမ်ထောင်စုတစ်စုလျှင်စုစုပေါင်း = ၁၂,၃၅၀ ကျပ်နှုန်းဖြင့် ရေဘေးသင့်ကာကယံရှင်ပြည်သူများထံသို့ တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်ပါတယ်။

ခိုင်နှင်းဝေ ပရဟိတအပြင် နာရေးကူညီမှုအသင်းရန်ကုန် နဲ့ ဝေဠုကျော် ဖောင်ဒေးရှင်း တို့အပြင် ချမ်းချမ်း၊ အိချောပိုနဲ့ မအေးသောင်းတို့ကလဲ ရေဘေးသင့်နေတဲ့ ပြည်သူတွေထံကို သွားရောက် ခဲ့ကြပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး အနေနဲ့ လဲ သွားရောက်ကူညီပေးဖို့ တောင်းဆိုပါတယ်နော်။

Source – Khaing hinn wai, Wai lu kyaw

(Visited 1653 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ