Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်ငှားစရိတ် အခက်အခဲ ဖြစ်နေရှာတဲ့ ဟာသသရုပ်ဆောင် ဦးတိမ်ညွှန့်

ဟာသပိုင်းမှာရော လူရွှင်တော်ပိုင်းမှာပါ ကျွမ်းကျင်ရုံသာမကသရုပ်ဆောင်ပိုင်းမှာလဲ အရမ်းကို ထူးချွန်သူဖြစ်တာကြောင့် ဟာသသရုပ်ဆောင် ဦးတိမ်ညွှန့်ကို တော်တော်များများသိကြမှာပါ။ သူဟာ ယခုနောက်ပိုင်းတော့ ရံဖန်ရံခါဆိုသလို ရုပ်ရှင်ကားတွေမှာတွေ့ရလေ့ရှိပြီး ယခင်ဗီဒီယိုခေတ်တုန်းကလောက်တော့ ရုပ်ရှင်ရိုက်ကူးမှုတွေ သိပ်မရှိတော့တာကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေရှာပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟာသသရုပ်ဆောင် တွေ၊ လူရွှင်တော်တွေ ၊ ဇာတ်ပို့ဇာတ်ရံတွေနဲ့ လူကြမ်းသရုပ်ဆောင်ပေါင်းများစွာ လဲရှိနေပြီး ဒီလိုအခက်အခဲတွေကို ဦးဆောင်တာဝန်ယူဖြေရှင်းပေးတဲ့ အနုပညာအသိုင်းအဝိုင်းမှအဖွဲ့အစည်းရယ်လို့ အတိအကျမရှိပေမယ့် ကိုလူချောမှအဖွဲ့ကတော့ သူတို့တက်နိုင်ဘက်ကနေ တက်စွမ်းသလောက် ကြိုးစားလှူဒါန်းနေကြတာကို တွေ့မြင်ရမှာဘဲ ဖြစ်ပါတယ်။

သဘင်အစည်းအရုံးဘက်မှာလဲ ဒီလိုအခက်အခဲတွေနဲ့ကြုံတွေ့နေရပါသော်လည်း သဘင်ဥက္ကဌက မကြာခင်မှာ သဘင်အဖွဲ့သားတွေအတွက် အိမ်ယာတွေကိုဖော်ဆောင်ပေးတော့မှာဖြစ်ပြီး နေရေးထိုင်ရေးအဆင်ပြေစေဖို့အတွက် သဘင်ရွာကို ထူထောင်ဖို့ လုပ်ဆောင်နေကြတယ်လို့လဲ သိရပါတယ်။

လတ်တလောမှာတော့ အနုပညာလောကသားတွေဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အခက်အခဲတွေကိုတော့ အချင်းချင်းကူညီဖေးမရင်း ကူညီပေးနေကြတာဘဲ ဖြစ်ပါတယ် ။ ယခုအခါမှာလဲ ဟာသသရုပ်ဆောင် ဦးတိမ်ညွှန့်ရဲ့ အခက်အခဲကို ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုမှ သွားရောက်လှူ ဒါန်းခဲ့ကြောင်းကို လူရွှင်တော် ကိုချက်ကြီး က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာ မှာရေးသားဖော်ပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” အဖေကြီး ဦးတိမ်ညွှန့် အိမ်လခ စဘော်ပေးဖို့ အခက်အခဲဖြစ်နေတယ် သတင်းကြားတော့ မင်းဘုန်းမြတ်အောင် ပြည်တွင်း/ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္မဏီကို ဆက်သွယ်အကြောင်းကြားပြီ အိမ်လခအတွက် အလှူငွေ(500000)ကျပ် အိမ်စရိတ်အတွက် (100000) ကို သွားရောက်လှူဒါန်းခဲ့ ပါတယ်ခင်ဗျာ” လို့ ဆိုကာ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Source – Ko Chat Gyi’sfb

(Visited 2047 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ