Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်ခြေရာမဲ့လူတွေအတွက် စားစရာတွေလှူ မယ် Sinon

မြန်မာနိုင်ငံ မှာလူချစ်လူခင် များစွာရနေပြီဖြစ်ပြီး အခြေခံလူတန်းစားတွေရဲ့အခက်အခဲ၊ လိုအပ်ချက်တွေကို တက်နိုင်သလောက် ကူညီဖြေရှင်းပေးနေတဲ့ ပရဟိတစိတ်ဓာတ်အပြည့်ရှိတဲ့ Sinom ဟာ အင်တာနေရှင်နယ် ဂေးမော်ဒယ်တစ်ယောက်ပါ။ သူက လက်ရှိအခြေအနေမှာ အိမ်ခြေရာမဲ့ လူတွေအတွက် ချက်ပြုတ်စားသောက်နိုင်အောင် အလှူအတန်းတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ အလှူနဲ့ ပတ်သက်ပြီး ” ရန်ကုန်မှာရှိတဲ့ငါ့ရဲ့Homeless People (အိမ်‌ခြေရာမဲ့လူတွေ)အတွက် ဆန် ဆီ လက်ဖက်ရည်ထုပ် ငါးသေတ္တာ လက်သန့်ဆေးရေ ပိုးသတ်ဆေးဆပ်ပြာ တွေကို ပေးဖို့အတွက်ဆောင်ရွက်နေတာပါ ငါ့ရဲ့ဒီလိုအသေးစိတ်ဂရုစိုက်ပေးမှုလေးတွေက ပေးချင်တဲ့Message ကတော့ “

” ဒီလိုကူညီရာမဲ့နေတဲ့သူတွေကို ဒီလို‌ကပ်ရောဂါကြီးကျနေတဲ့အချိန်မှာ အချင်းချင်းကူညီရိုင်းပင်ကြပါလို့ကျတော် မေတ္တာ ရပ်ခံချင်ပါတယ်‌ဗျာ သူ့တို့တွေကိုကျတော့်တို့ရဲ့အချစ်တွေ နဲ့နွေးထွေးစေလိုက်ကြရအောင်ဗျာ တစ်ချိန်လုံးလုံခြုံမှုအပြည့်ရှိစေ အောင် အချင်းချင်းစောင့်ရှောက်ကြပါစို့ အားလုံးဘဲ ဂရုစိုက်ကြပါ ကျတော် ချစ်သောမြန်မာပြည်🙏🏻❣️🇲🇲”လို့ဆိုကာ ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

Sinon အပါအဝင် မြန်မာပြည်ဖွား အနုပညာရှင်တစ်ချို့ကလဲ သူတို့ရဲ့တက်နိုင်တဲ့ပမာဏနဲ့ လိုအပ်နေသူတွေကို လိုက်လံ ကူညီပေးနေတာတွေလဲတွေ့မြင်ရပါတယ်။ ချစ်တဲ့ပရိသတ်တွေအနေနဲ့ အပြင်မထွက်ဖို့ နဲ့ လက်ကိုသန့်ရှင်းစွာ ဆေးကြဖို့ မမေ့ပါနဲ့နော်။

Snow(mcc)
Source Sinon loresca’sfb

(Visited 616 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ