Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိမ်ကိုချောမွေ့စွာပြန်ရောက်ပါပြီဆိုတဲ့ အဆိုတော် နီတာရဲ့ ဇနီး

ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်နီတာဟာ covid -19 ရဲ့ သားကောင်ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ မိသားစုဝင်တွေဟာလဲ စောင့်ကြည့်လူနာတွေအဖြစ် စစ်ဆေးခံခဲ့ရပြီး ယခုအချိန်မှာတော့ ရောဂါကင်းစင်တာကြောင့် အိမ်ပြန်ခွင့်ရရှိခဲ့ပြီဘဲ ဖြစ်ပါတယ်။ နီတာကတော့ ဆေးရုံကမဆင်းရသေးပေမယ့် ကျန်းမာရေးကတော့ အများကြီးကောင်းမွန်လာခဲ့ပါပြီ။

ဒီလိုအိမ်ပြန်လာခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး နီတာရဲ့ ဇနီးဖြစ်သူက ” မနေ့ကအိမ်ကိုချောမောစွာပြန်ရောက်ပါပြီရှင့် 😊😊😊စိတ်ပူပြီးသတင်း မေးကြသော ဆွေမျိုးမိတ်ဆွေသူငယ်ချင်းအားလုံး ၊ကျန်းမာရေးဌာနမှဝန်ထမ်းများအားလုံး ၊ပရဟိတ ညီအစ်ကိုမောင်နှမများအားလုံး၊အလှူရှင်များအားလုံးနှင့် “

” သန်လျင်အိမ်ယာဝန်းအတွင်းမှညီအစ်ကိုမောင်နှမများအားလည်းကောင်း ၊သာကေတမြို့နယ်သူ မြို့နယ်သားများအားလည်းကောင်း၊We love THAKATAအဖွဲ့အားလည်းကောင်းအသေးစိတ် လိုအပ်သည်များကို ကူညီပေးခဲ့ကြသော ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများ အားလုံး တစ်ယောက်စီချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🙏🙏 😊လူသားအားလုံးချမ်းသာကိုယ်စိတ်မြဲကြပါစေရှင်😊” လို့ဆိုကာ ကျေးဇူးတင်စကားတွေရော ဆုတောင်းစကားတွေပါ ရေးသားပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ covid 19ရောဂါပိုးတွေ့ရှိသူ ၁၈၂ ဦးရှိခဲ့ပြီး သေဆုံးသူ၆ဦး ရှိခဲ့ကာ ၊ ပိုးကင်းစင်သူ ၉၅ ဦးအထိရှိလာခဲ့ပြီလို့ သိရပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး ကပ်ရောဂါဘေးမှ အမြန်ဆုံး လွတ်မြောက်နဖုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Snow(mcc)

(Visited 1585 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ