Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိပ်ပျော်နေချိန် ဇနီးဖြစ်သူရဲ့ ရေနွေးပူနဲ့ လောင်းချခြင်း ခံခဲ့ရတဲ့ ဟာသလူရွှင်တော် ကိုတော့စ်

ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ မေ့ာစ် နဲ့ တယ်ဆိုကာ ဟာသလူရွှင်တော် ကိုတော့စ်အဖြစ် မြန်မာပြည်အထက်ပိုင်းဆိုင်းဝိုင်းတွေမှာ လူရွှင်တော်အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပါတယ်။ အဆိုပါဟာသ လူရွှင်တော် ကိုတော့စ်ဟာ မကြာသေးခင်ရက်ပိုင်းအတွင်းက မိန်းမဖြစ်သူရဲ့ ရက်ရက် စက်စက် ရေနွေးပူနဲ့လောင်းတာခံခဲ့ရတယ်လို့ သိရပါတယ်။

“ဦးမော့စ်နဲ့တူတဲ့ ဟာသလူရွှင်တော် ကိုတော့ပ်အားအိပ်ပျော် နေစဉ် ဇနီးဖြစ်သူမဝင်းအေးမှ ပွက်ပွက်ဆူနေတဲ့ ရေနွေးပူဖြင့် ရက်စက်စွာ လောင်းချပြီး ၁၀ရက်ကျော် ဆေးမကုပေးပဲထားရာ ပတ်ဝန်းကျင်မှသိရှိသွားသော အနုပညာညီကိုမောင်နှမများ မှ မေလ ၂၅ရက်​နေ့ မနက် ၉နာရီ မှာ ညောင်လေးပင်ပြည်သူ့ဆေးရုံးသို့တင်ပေးခဲ့ပါသည်။ ဆေးကုဖို့လည်းအခက်ခဲဖြစ်နေတယ်လို့သိရတယ်😢”လို့ဆိုကာ သက်လွင် ဆိုသူက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ပုံတွေနဲ့အတူ ရေးသားဖော်ပြခဲ့ပါတယ်။

လူရွှင်တော် ကိုတော့စ် ဆိုတာဟာ အကယ်ဒမီ ဦးမော့စ် အလွမ်း ပြေ online တွင် ဥက္ကဌ ကိုသတ်မယ် ဆိုတဲ့ သီချင်း နှင့်လူသိများပီး မြန်မာပြည်အထက်ပိုင်း ဆိုင်းများတွင် လူရွှင်တော် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ တစ်ဦးဖြစ်ပါတယ်။ ကိုတော့စ် ဆိုပြီး လူရွှင်တော် ၂နှစ်ဦးရှိပါတယ်။ ငမော့တော့ ရယ်၊ ငတော့ ဆိုပြီးရှိရာက ယခု ဖြစ်တဲ့ သူမှာ ငတော့ ခေါ် ကိုတော့ဘဲဖြစ်ပါတယ်။

ဟာသတွေကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ ရော အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကပါ တက်နိုင်တဲ့ဘက်ကနေ ပံ့ပိုးလှူဒါန်းပေးကြပါအုံးနော်။ ဖတ်ရူ့ပေးတဲ့ ချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 2301 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ