Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိန္ဒိယမှ ပြန်လည်ရောက်ရှိလာသူ တွေထဲမှ ၁၇ဦး ရောဂါပိုးတွေ့ရှိ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်ပြီး ယနေ့ မေလ၃၀ရက်နေ့ နံနက် ၇နာရီ သတင်းထုတ်ပြန်ချက် အရ လူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုလူနာအသစ်များမှာ အိန္ဒိယမှ ပြန်လည်ရောက်ရှိလာသူတွေဖြစ်တယ်လို့ သိရပါတယ်။ယခုလူနာသစ်၁၇ဦး အပါအဝင် မြန်မာနိုင်ငံတွင်ရောဂါပိုးတွေ့ရှိလူနာ စုစုပေါင်း ၂၂၄ဦး ထိရှိလာခဲ့ပါပြီ ။

၁။ (၂၉-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ (၄၉၈) ခု၊ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၀၁) ခု နှင့်အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ (၅၄) ခု၊စုစုပေါင်း (၆၅၃) ခုအား (၃၀-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ စစ်ဆေးပြီးစီးခဲ့ရာ –
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၇) ဦးတွေ့ရှိရပါသည်။

၂။ (၃၀-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၂၄) ဦးရှိပါသည်။ ၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၃၀) ဦးရှိပါသည်။ ၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၂၉-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၉၆၇)ခု၊
ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၀၁) ခု နှင့်
အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၄၆) ခု၊စုစုပေါင်း (၁,၂၁၄)ခုအား စစ်ဆေးခဲ့ပြီး (၃၀-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။

(Visited 960 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ