Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အားလပ်ချိန်မှာ လျှောက်လည်ကြတယ် ဆိုတဲ့ သင်ဇာ နဲ့ ဟိန်းမင်းသူ

ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ သင်ဇာဝင့်ကျော် နဲ့ ဟိန်းမင်းသူတို့ဟာ ယနေ့မှာတော့ နှစ်ယောက်သားလျှောက်လည်နေကြတဲ့ ပုံရိပ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ သီချင်းတစ်ပုဒ်ကြောင့် စတင် ပတ်သက်မှုရှိခဲ့ပြီး အကယ်ဒမီပွဲတက်တဲ့နေရာမှာလဲ အရောင်ဆင်တူ ဖြစ်နေခဲ့တယ် ဆိုပြီး ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားခဲ့ကြတာပါ။

အဲ့ဒီနောက် သင်ဇာဝင့်ကျော်ဟာ နိုင်ငံခြားသားတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုပြီး တရားဝင်ချပြခဲ့ကာ သိပ်မကြာခင်မှာဘဲ သဘောထားခြင်းမတိုက်ဆိုင်တာကြောင့် ပြန်လည်လမ်းခွဲခဲ့ကြပြီလို့လဲ သိရပါတယ်။

အဲ့ဒီနောက် အနုပညာအလုပ်တွေလုပ်ကိုင်ရင်း ဘာသာရေးဘက်ကိုလဲ အချိန်ယူ ဦးစားပေးလုပ်ကိုင်ခဲ့ပါတယ်။ ယနေ့မှာတော့ ပရိသတ်တွေ လုံးဝအံ့သြသွားစေမယ့် ပုံတစ်ချို့ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီပုံတွေကတော့ သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူတို့ လည်ပတ်သွားလာနေကြတဲ့ ပုံရိပ်တွေဘဲ ဖြစ်ပါတယ်။ သင်ဇာကတော့ မမကြီးစတိုင်နဲ့ ဟိန်းမင်းသူကတော့ ချာတိတ်လေးပေါ့ ။

ချာတိတ်နဲ့ မမတို့ ပျော်နေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။ ဖတ်ရှု့သူအားလုံးကို ကျေးဇူးတင်ပါတယ်။

Source – thinzar wint kyaw’sfb

(Visited 2817 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ