Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အားမတန်မာန်လျော့ခါ အဖေ့ကိုအိမ်ပြန်ခေါ်လာခဲ့ပါပြီ ဆိုတဲ့ ဦးမန်းဝင်းရဲ့ သမီး

ပရိသတ်တွေ ရဲ့ အချစ်တော် ဟာသ လူရွှင်တော်၊ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုတွေကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရပါတယ်။သူ့ကို ယနေ့မှာတော့ မိသားစုက ဆေးရုံကနေ အိမ်ပြန်ခေါ်ခဲ့ကြပြီ ဖြစ်တယ်လို့လဲ ပရိသတ်ကြီးကို အသိပေးလိုက်ပါတယ်။

အိမ်ပြန်ခေါ်ခဲ့တာနဲ့ပတ်သက်ပြီး ချမ်းသာမန်းဝင်း က ” အိမ်ကိုအားမတန်မာန်လျော့ အိမ်ပြန်ရောက်အောင်တော့ ခေါ်ခဲ့ပြီဖေကြီးရေ ဖေကြီး ပြန်ချင်တဲ့ အိမ်ကိုရောက်ပြီနော် ” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက် ဟေမာမန်းဝင်းကလဲ ” ဖေကြီးရယ်သမီးမှာမိဘကိုနှစ်ယောက်လုံးကိုပြုစုလုပ်ကျွေးနေတဲ့သမီးကြီးလေငပေါမကြီးလို့မပြောနိုင်တော့ဘူးသမီးစိတ်တွေမဖြေနိုင်ဘူးဒါပေမဲ့အမေအတွက်အားတင်းထားပါတယ် ” လို့ဆိုကာ ရေးသားခဲ့ပြန်ပါတယ်။

ဦးမန်းဝင်း ရဲ့ လက်ရှိကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့ ဆရာဝန်တွေက မှတ်ချက်ပေးထားပြီး သားသမီးနဲ့ ဇနီးဖြစ်သူတွေကတော့ နှလုံးခုန်သံ ကြားနေရဆဲမို့ မျှော်လင့်ချက်ရှိနေသေးတယ်လို့ ယုံကြည်နေကြပါတယ်။ အိမ်ပြန်ရောက်နေတဲ့ ဦးမန်းဝင်းကို သူ့ရဲ့အနုပညာမောင်နှမတွေဖြစ်တဲ့ ဂွမ်းပုံကြီးနဲ့ မတူးတို့က သတင်းမေးသွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးမန်းဝင်းတစ်ယောက် အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ချစ်တဲ့ပရိသတ်တွေက ဆုတောင်းပေးလိုက်ကြပါအုံးနော် ။ ဖတ်ရှုပေးကြလို့ ကျေးဇူး အထူးတင်ရှိပါတယ် ။

Snow(mcc)

(Visited 15421 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ