Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အာဘွိုင်းနဲ့ မြတ်ရတနာကျော် တို့ရဲ့ သမီးလေး Scarlett ရဲ့ တစ်နှစ်ပြည့်မွေးနေ့ ပုံရိပ်များ

အဆိုတော်အာဘွိုင်းနဲ့ မော်ဒယ် သရုပ်ဆောင် မြတ်ရတနာကျော်တို့ဟာ ချစ်စရာကောင်းတဲ့ သမီးလေးကို မွေးဖွားခဲ့တာဟာ စက်တင်ဘာလ (၁၃)ရက်နေ့က ဖေဖေမေမေတို့ရဲ့ သူငယ်ချင်းတွေနဲ့ စည်စည်ကားကားလေးပြုလုပ်ကျင်ပခဲ့ကြပါတယ်။ သူတို့တွေရဲ့ အပြင်အဆင်တွေက ကာတွန့်ကားထဲရောက်သွားသလိုပါဘဲ။ သမီးလေး ဟာ ၁နှစါသမီးလေးသာ ရှိသေးပေးမယ့် ချစ်ခဲ့အားပေးကြတဲ့ ပရိသတ်တွေကတော့ အလွန်တရာမှ များပြားလှပါတယ်။

သမီးလေးရဲ့မွေးနေ့မှာ ဖခင်ဖြစ်သူက ” မနှစ်က ဒီလိုနေ့မှာ… ပျော်ရွှင်နေရသော ကျနော့်ဘဝလေးကို ပိုပြီးပြည့်စုံစေခဲ့သောအရာလေးတစ်ခုရောက်လာတယ်။ Happy 1st Birthday ပါ သမီးလေး Scarlett 🎂❤️ ” လို့ဆိုပြီး ရေးသားခဲ့ပါတယ်။

သမီးလေးရဲ့ မွေးနေ့ကို ရောက်ရှိခဲ့တဲ့ ကိုမောင်မောင်အေးက ” သမီးလေး Princess Scarlett ရဲ့ ၁ နှစ်ပြည့်မွေးနေ့အကြောင်းပြုပြီး သူ့အဖေ အမေ နဲ့ သူ၏ သူငယ်ချင်းများ မဆိုစလောက် ခပ်ပါးပါးလေး ကဲခဲ့ကြရပြန်လေတယ်…သာဓု သာဓု သာဓု……. ” လို့ ဆိုကာ ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ် ။

ကာတွန့်ကားထဲကို အလည်ခဏရောက်သွားသလိုခံစားစေရမယ့် ပျော်စရာကောင်းတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်တဲ့ပရိသတ်ကြီးက သဘောကြနှစ်သက်မယ်ထင်ပါတယ်။

Source – mg mg aye ‘sfb

(Visited 4945 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ