အာဇာနည် နေ့မှာ မင်္ဂလာဆောင်မယ့် အဆိုတော်ဇွဲပြည့်

အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ သီချင်းနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ အဆိုတော်ဇွဲပြည့်ကတော့ ရုတ်တရက်ကြီး မင်္ဂလာသတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဇွဲပြည့်က ဇူလိုင်လ ၁၉ရက်နေ့မှာ မင်္ဂလာပွဲကျင်းပတော့မှာဖြစ်ပါတယ်။ သူက ပရိသတ်ကိုရုတ်တရက် ဖြစ်စေခဲ့လို့ သူ့ပရိသတ်တွေက အရမ်းကို အံ့သြနေကြပါတယ်။

သူ့ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ဆရာဂျွန်လွင်က ဆုတောင်းပေးထားပါသေးတယ်။ ဆုတောင်းပေးထားတာကတော့
” တပည့်ကျော် Zwe Pyae ဇနီးမောင်နှံ ရာသက်ပန်ပျော်ရွှင်စွာ ပေါင်းသင်းပီး စီးပွားလာဘ်လာဘ များလည်းတိုးတက်ပာစေ ရတု ပောင်းများစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ပွဲကြီးရှိလို့မလာနိုင်တာကို ခွင့်လွှတ်ပါ” လို့ လဲ ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုတော်ဇွဲပြည့်က ဇူလိုင်လ ၁၉ရက်၊ အာဇာနည်နေ့ ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ချစ်ရသူနဲ့ လက်တွဲရတော့မှာမို့ဇွဲပြည့်ကတော့ ပျော်နေလောက်ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – John Lwin’s fb

(Visited 16101 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ