Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အာဃာတတွေနဲ့ နိုင်ငံကိုမတည်ဆောက်ပါနဲ့ ဆိုတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း ကိုဇေသီဟ

လွန်ခဲ့တဲ့နှစ်အတော်ကြာကြာက ပြည်သူတွေကြားမှာ နာမည်ကြီးကျော်ကြားခဲ့တဲ့ အကယ်ဒမီ မင်းသမီးကြီး နန္ဒာလှိုင်ရဲ့ခင်ပွန်းဖြစ်သူဟာ မိသားစုနဲ့ပတ်သက်ပြီး ပျော်စရာကောင်းတဲ့အကြောင်းအရာတွေကိုဝေမျှလေ့ရှိပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ သူ့မိသားစုတင်မက သူ့ဝန်ထမ်းတွေဖြစ်တဲ့ ဇေကမ္ဘာမိသားစုရဲ့ အတွက်ကိုပါ ကားကွယ်ပေးခြင်တဲ့ အကြောင်းတွေကို ပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” ကျွန်တော့ မိသားစုကို ကာကွယ်ခွင့်ပြုပါ။ ကျွန်တော်တို့ကို အားထားနေသော ဇေကမ္ဘာ မိသားစုဝန်ထမ်းများကို ကာကွယ်ခွင့်ပြုပါ။မည်သူ့ကိုမှ စော်ကားလိုစိတ် မရှိပဲ ကာကွယ်ရုံသက်သက်သာ ဖြစ်ပါတယ် ။ ပြည်သူတွေကို အနိုင်ပေးလိုက်တဲ့အခါ သေးနုပ်သွားတယ် သိမ်ငယ်သွားတယ်ဆိုတာ မရှိပါဘူး။ ကျေနပ်သွားတယ်။အောင်မြင်သွားတယ်ဆိုတာပဲရှိပါတယ်။ အာဃာတတွေ အမုန်းတွေနဲ့ နိုင်ငံကို မတည်ဆောက်ကြပါနဲ့ ”

” ပြည်သူကို အနိုင်ပေးဖို့အတွက် ဘဝတွေဆုတ်ပြတ်သွားအောင် ခံခဲ့ရတဲ့ မိသားစုတွေ အများကြီးရှိခဲ့တယ်။ သေဆုံးသွားတဲ့ သားကောင်းရတနာတွေ အများကြီးရှိခဲ့တယ်။ သူတို့အားလုံး ပြည်သူတွေ အနိုင်ရဖို့ အားလုံးစွန့်လွှတ် အနစ်နာခံခဲ့ပြီး အခုဆို ပီတိကို စားရင်း ကျေနပ်နေကြတယ်။ လေလှိုင်းပေါ်က စကားလုံးတွေလောက်နဲ့ အသားပဲ့မသွားပါဘူး။ မေ့လိုက်ပါ။ ပြည်သူကို စိတ်ရှင်းရှင်းနဲ့ အနိုင်ပေးလိုက်ပါ” လို့ ဆိုပြီး ထိမိတဲ့ စကားလုံးတွေကို ရေးသားဖော်ပြခဲ့ပါတယ်။

ပရိတ်တွေလဲ သူပြောခဲ့တဲ့ အကြောင်းအရာတွေနဲ့ ထပ်တူကြမယ်လို့ ထင်ပါတယ်။

Source – zaythiha’sfb

(Visited 5326 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ