Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသားမဲမဲ ရုပ်ဆိုးဆိုးလေးမွေးထားတဲ့ အမေကို ကျေးဇူးတင်တယ်ဆိုတဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယခုနှစ်ပိုင်းတွေမှာ များစွာ ရရှိခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေ၊ ကြော်ငြာတွေမှာလဲ သူမှသူဖြစ်လာခဲ့ပါတယ်။ သုသုက ရုပ်ရှင်ကားတွေမှာလဲ ခံစားသက်ဝင်စွာ သရုပ်ဆောင် နိုင်တဲ့အပြင် အကယ်ဒမီ ထူးချွန်ဆု တစ်ဆုကိုလဲ ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ပိုင်ဖြိုးသု က အညိုစင်လေးဖြစ်ပြီး အကြမ်းခံတဲ့အသားအရည်ကို ပိုင်ဆိုင်ထားရလို့ သူမက မိခင်ဖြစ်သူကို ကျေးဇူးတင်ကြောင်းပြောပြလာပါတယ်။ သူမပြောပြခဲ့တာကတော့ ” ဘယ်လိုပဲပြောပြော အသားမဲမဲရုပ်ဆိုးဆိုးလေး မွေးပေးထားတဲ့မွေးသမိခင်ကိုကျေးဇူးတင်တယ် 💁🏾‍♀️ဖြူဖြူဖွေးဖွေးနုနုလှလှလေးတွေထက် အီစကိုယ်ကအကြမ်းခံတယ်လေ 😏😏😏မဲပေတူလေးက melaninအပြည့်ရှိတော့ နေပူဒဏ်‌ကိုအေးဆေးခံနိုင်တယ်….ဟဲ…ဟဲ…. 🙆🏾‍♀️Thankyouမေမေ ” လို့ ဆိုကာ ပြောပြခဲ့ပါတယ်။

ပိုင်ဖြိုးသုက မြင့်မြတ်နဲ့ရိုက်ကူးတဲ့ ဗိုလ်အောင်တင်နဲ့ သူ၏ချစ်သူများ ဇာတ်ကားမှာ မမြဝင်းအဖြစ် လူသိပိုများလာခဲ့ပြီး အဲ့ဒီနောက် မီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ မီတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမက သရဲမ ဘီလူးမ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

Snow(mcc)
Source – paing phyo thu’sfb

(Visited 3689 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ