Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသတ်ခံခဲ့ရတယ် ဆိုတဲ့ မြမြ ရဲ့အကြောင်းကို ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်

နှစ်ဆန်း ၂ရက်နေ့က အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့တဲ့ ဝိဉာဉ်ပူးကပ်ခံရတဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေ အရမ်းကို စိတ်ဝင်စားနေကြပါတယ်။ ဒီလိုစိတ်ဝင်စားနေတဲ့ ကိစ္စတစ်ခုဟာ လက်တွေ့ဘဝမှာ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို ဝေခွဲရင်း ဝေဖန်နေကြတဲ့ ပရိသတ်တွေလဲ များပြားခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလေ့မရှိတဲ့ ဒါရိုက်တာညိုမင်းလွင်တစ်ယောက် အဆိုပါ “မြမြ” ကိစ္စကို ဖြစ်ရပ်မှန် ရုပ်ရှင်အဖြစ်ရိုက်ကူး ပုံဖော်မယ် ဆိုကာ ကြေညာခဲ့ပါတယ်။

အဲ့လိုရိုက်ကူးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ညိုမင်းလွင်က “ Facebook ပေါ်က ရေပန်းစားသောကိစ္စများကို ဝင်ပါလေ့ မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင်ကြေငြာပါတယ်။ ကျွန်တော် ” မြမြ ” အကြောင်းကို ရုပ်ရှင်ရိုက်ပါမယ်” ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

အဆိုပါ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ကိစ္စကတော့ မိန်းကလေးငယ်တစ်ဦးက ၂၀၁၉ သြင်္ကန်အကြိုနေ့က အသတ်ခံရခြင်းဖြစ်ပြီး နှစ်ဆန်း ၁ ရက်နေ့တွင် ဝင်ပူးကာပြောကြောင်း နှင့် ၎င်းဝင်ပူးကာ ပြောခဲ့တဲ့ နေရာမှာ အသတ်ခံရတယ် ဆိုကာ ဝင်ရောက်ပြောကြားခဲ့တဲ့ ကိစ္စမှာ ကွာဟချက်တွေ ရှိသလို ဝေဖန်မှုတွေလဲ ရှိနေပါတယ်။ ဒီကိစ္စဟာ အမှန်တကယ် ပေါ်ပေါက်ပါ့မလားဆိုတာကိုလဲ ပြည်သူလူထုတွေ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

ဖတ်ရှု့ပေးသာအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ် ။

Source – nyominlwin’s fb
Snowpiki(MCC)

(Visited 1177 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ