Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသက် ၈၀ပြည့် အထိမ်းအမှတ် အနေနဲ့ သရုပ်ဆောင် လမ်းညွှန်စာအုပ် ထုတ်ဝေခဲ့တဲ့ ဦးညွှန့်ဝင်း

မြန်မာရုပ်ရှင်လောကမှာ သူ့ခေတ်ဆိုတာမျိုးကို ရှိခဲ့တဲ့ မင်းသားကြီး ဦးညွှန့်ဝင်းဟာ သူ့ရဲ့ အသက် ၈၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် သူရဲ့အနုပညာသက်တမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အတွေအကြုံတွေကို စုစည်းထားကာ ကိုယ်တိုင်ရေးသားထားတဲ့ “ယုံကြည်အောင်ဖန်ဆင်း” ဆိုတဲ့ သရုပ်ဆောင်လမ်းညွှန်စာအုပ်ကို ထုတ်ဝေခဲ့ပါတယ် ။ အဆိုပါ စာအုပ်ကို မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကိုလဲ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အကယ်ဒမီ မင်းသားကြီး ဦးညွှန့်ဝင်းဟာ အနုပညာအသိုင်းဝိုင်းကြီးတဲ့ မိသားစုက ဆင်းသက်လာတာ ဖြစ်ပြီး သဘင်လောကရဲ့ ဘုရင်တစ်ဆူဖြစ်တဲ့ ဦးရွှေမန်းတင်မောင်ရဲ့ သားဖြစ်ပြီး ဖခင်ခြေရာကို နင်းတဲ့ ခေတ်သုံးခေတ်တိုင်တိုင် လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ မင်းသားကြီးတစ်လက်လဲ ဖြစ်ခဲ့ပါတယ်။ ဦးညွှန့်ဝင်းဟာ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ်ကားပေါင်း (၂၀၀) ကျော်ကိုရိုက်ကူးခဲ့ပါတယ်။

အဆိုပါရုပ်ရှင်ကားတွေထဲ မှာ အကယ်ဒမီ ထူးချွန်ဆု ၇ဆုကို ရရှိပိုင်ဆိုင်ထားကာ သူရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ” ဗန်တိုလူလေးနဲ့သူဇာ”၊ “ချစ်သူဝိုင်းဝိုင်းလည်”၊ “တတိယအရွယ်၏ ဒုတိယဝေဒနာ”၊ “သီတာခုနှစ်တန်”၊ “သူ့ကျွန်မခံပြီ”၊ “ဆန်ရေ”၊ “လျှို့ဝှက်သောနှင်း” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီတွေကို ထိုက်တန်စွာရရှိထားတာလဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးအနေနဲ့ ဦးညွှန့်ဝင်းရဲ့ ရုပ်ရှင်ကားကြီးတွေထဲမှာ ဘယ်ရုပ်ရှင်ကားတွေကြည့်ဖူးပါသလဲ ဘယ်ဇာတ်ကားတွေကို အမှတ်ရသေးလဲ ဆိုတာ ပြောပြခဲ့ဖို့မမေ့နဲ့နော်။

Snow(mcc)
Source – မြန်မာ့ရုပ်ရှင်အစည်းအရုံး

(Visited 3131 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ