Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသက် ၅၁နှစ် ဂီတသက်တမ်းနှစ်(၃၀) အတွင်းမှာ ပထမဆုံးဆုရဖူးတာပါဆိုတဲ့ ကော်နီ

ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို တစ်ခဲနက်ရရှိထားတဲ့ ဆေးသီချင်းရဲ့ အဆိုရှင် ကော်နီဟာ ၂၀၁၉ခုနှစ်တစ်နှစ်တာ လုံး ရွှေပရိသတ် အကြိုက်နှစ်သက်ဆုံး (Popular Online Single Song Award)ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ သူဟာ အဆိုပါဆုကို ရရှိခဲ့တာကြောင့် အရမ်းကိုပျော်ရွှင်ခဲ့ရပြီး သူ့ဘဝမှာ ပထမဆုံးရဖူးတာဖြစ်လို့ ပရိသတ်တွေကိုလဲ အတိုင်းမသိကျေးဇူးတင်နေပါတယ်။ သူ ဆုရရှိတာနဲ့ ပတ်သက်ပြီးလဲ ကျေးဇူးတင်စကားတွေ ပြောခဲ့ပါတယ်။

၂၀၁၉ခုနှစ်တစ်နှစ်တာလုံး ရွှေပရိသတ် အကြိုက်နှစ်သက်ဆုံး (Popular Online Single Song Award) သီဆိုသူဆုကို ဆေးသီချင်းနဲ့ ကော်နီက ရရှိပါတယ်။ သူမက “ အောင်မြင်မှုတွေများစွာက အောင်မြင်မှုတွေ တိုင်းမှာပေးစပ်မှု တွေရှိပါတယ်။ နှစ်၃၀ကျော် မကော်အောင်မြင်လာခဲ့တဲ့ ဆေးရေးဆရာသမားကြီးများ အားလုံးကို မကော်ဒီနေရာကနေ ဦးညွှတ်ပါတယ် ဆေးသီချင်းလေးနဲ့ရတာဖြစ်တဲ့အတွက် ဆေးသီချင်းလေးကိုရေးပေးတဲ့ သားဝေကြီး ကျေးဇူးတင်ပါတယ်”

“ အနုပညာကြေးမယူဘဲ ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အထူးသဖြင့်ကတော့ ဟိုး၁၆နှစ် သမီးလေးထဲက ကိုကိုချစ်သီချင်းလေးထဲက ခုချိန်ထိဆေး သီချင်းလေးကိုပါ ပြန်ပြီးအားပေးတဲ့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ် ။ သီချင်းလေးကို ပုံဖော်ရိုက်ကူးပေးတဲ့ မေဘရဏီကိုလဲကျေးဇူးတင်ပါတယ်။ ၅၁နှစ်ပြည့်ပြီးဆုရဖူးတာပါ ငယ်ငယ်ထဲကကျောင်းမှာလဲစာအရမ်းညံ့ပါတယ် ခုမှ ပထမဆုံးရဖူးတာပါ”

“ ကျေးဇူးတင်ပါတယ်,ချစ်ရတဲ့,ပရိတ်သတ်ကြီး နှင့် ချစ်ရတဲ့အနုပညာ မောင်နှမများ ကော်ကိုအခုချိန်ထိ ချစ်ခင်အားပေးနေလို့ပါ မကော်,ကိုချစ်နေပေးသေးတဲ့,ချစ်ပရိတ်သတ်အတွက်,ကျန်နေသေးတဲ့,အချိန်လေးတွေကို,ကိုယ်စွမ်းနိုင်တာထက်, ပိုတိုးလို့ကြိုးစားပါ့မယ်ရှင် ” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။

မကော်ရဲ့ ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေး ဖော်ပြပေးလိုက်ပါတယ်။

Snow (MCC)

(Visited 522 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ