Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသက် ၃၁နှစ်မှာ အဖေနဲ့ အမေကို ၃၁သိန်းစီကန်တော့ခဲ့တဲ့ ဖွေးဖွေး

အောင်မြင်မှုတွေအပြင် ယနေ့အချိန်အထိ ချစ်သူခင်သူ အားပေးသူပရိသတ်တွေ များစွာရှိပြီး အောင်မြင်မှုတွေကလဲ တစ်နေ့ထက်တစ်နေ့ ပိုပြီးများလာပါတယ်။ သူမဟာ သြဂုတ်လ ၉ရက်နေ့က အသက် ၃၁နှစ်ပြည့်ခဲ့ပြီး မွန်မြတ်တဲ့ အလှူတွေနဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။ ဖွေးစိန်က သူမရဲ့ မွေးနေ့အတွက် မိဘတွေကိုလဲ တစ်ဦးကို ၃၁သိန်း စီ ကန်တော့ခဲ့ပါတယ်။

ယူတို့ချစ်တဲ့ ဖွေးစိန်က တကယ့်ကို ကုသိုလ်တွေရနေပါပြီနော် ။ သူမဟာ လက်ပံ ၊ ကျွန်မနှင်းဆီပါမောင် ၊ ရွှေကြာစတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး သူချစ်တဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ဇာတ်ရုပ်တွေကို ကြိုးစားပုံဖော်ပေးလေ့ရှိပါတယ်။

သူမဟာ လက်ရှိမှာ တော့ ရုံတင်ပြသနေပြီဖြစ်တဲ့ သူစိမ်းအိမ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ လဲ ပါဝင်ခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးက တကယ့် ကို အောင်မြင်နေခဲ့ပြီးဖြစ်ပါတယ်။ ဖွေးစိန်လေးရဲ့ မွေးနေ့ ကုသိုလ်လေးတွေကို ပရိသတ်အားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေနော်။

အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဖွေးစိန်ရဲ့ ပရိသတ်လေးတွေ မျှဝေပေးသွားဖို့ မမေ့ပါနဲ့နော်။

Source – Phway Phway’sfb

(Visited 1510 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ