Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသက် ၂၂နှစ်ပြည့်မွေးနေ့က အရမ်းပျော်ရပါတယ်ဆိုတဲ့ ဝေလာရီ

နှင်းဆီရုပ်ရှင်ဇာတ်ကားမှာ အငိုထူလေး မိမော် အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာရရှိခဲ့တာဘဲဖြစ်ပါတယ်။ သူမကို အဆိုတော် လိမ္မော်သီးရဲ့ ညီမလေးအဖြစ် ပရိသတ်တွေ စသိခဲ့ပေမယ့် နှင်းဆီရုပ်ရှင်ဇာတ်ကားနဲ့မှ ပရိသတ်တွေများ သိရှိခဲ့တာလဲ ဖြစ်ပါတယ်။ မော်လေးဟာ အောက်တိုဘာလ(၁)ရက်နေ့က သူမရဲ့ အသက် ၂၂နှစ်ပြည့် မွေးနေ့လေး ဖြစ်ပါတယ်။

သူမက မွေးနေ့မှာပျော်ရွှင်ခဲ့ရတဲ့အကြောင်းကို ” အမှတတရ မွေးနေ့လေး… 😍💙🦋 ဒီနေ့ မွေးနေ့မှာ မနက်ပိုင်း ရွှေတိဂုံဘုရားနဲ့ ညနေပိုင်း စွယ်တော်မြတ်ဘုရား ကို ဖူးမြှော်ပြီး ကုသိုလ်တွေ ပြုလုပ်ခဲ့ပါတယ်.. 😍🦋💙”

“အတူတူ ပါရမီဖြည့်ပေးကြတဲ့ ဝေလာရီ ရဲ့ မိသားစု ,
Fans တွေနဲ့ ချစ်ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော်.. 💙🦋 ဒီနှစ်မွေးနေ့လေး စိတ်ကြည်နူးပြီး အရမ်းပျော်ရွှင်ရပါတယ်.. 🦋💙” လို့ လဲ ​ပြောပြလာပါတယ်။

ဝေလာရီဟာ ယခုနောက်ပိုင်းမှာ ကြော်ငြါတွေလဲ ရိုက်ကူးလာရပြီး ပွဲတက်တွေမှာလဲ သူမကိုတွေ့လာရပါတယ်။ ဝေလာရီကသီချင်းသီဆိုတာလဲကောင်းသလို အဖြစ်သူ လိမ္မော်သီးနဲ့ လဲသီချင်းတွေအတူသီဆိုထားတာရှိပါတယ်။

မော်လေးရဲ့ပရိသတ်တွေက ချစ်တဲ့ မော်လေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်ကြရအောင်နော်။ သူမရဲ့ပုံလှလှလေးတွေကိုလဲ ဖော်ပြပေးလိုက်တာမို့ မျှဝေသွားဖို့ မမေ့ပါနဲ့။

Snow(mcc)
Source – wailarri’sfb

(Visited 2746 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ