Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသက်(၂၀)အရွယ်က ရည်းစားဟောင်းလေးအကြောင်းပြောပြလာတဲ့ ထျန်ခေး

ပရိသတ်တွေကြားမှာ အချစ်သီချင်းလေးတွေနဲ့ နာမည်ကြီးခဲ့ပြီး အိမ်မက်ဆုံရာပြိုင်ပွဲကြီးကနေတစ်ဆင့် အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တဲ့ ထျန်ခေးက ချစ်သူများနေ့နီးလာတာနဲ့ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်က ချစ်သူကို သတိရမိတယ်လို့ ဆိုကာရေးသားခဲ့ပါတယ်။ ထျန်ခေးက အဆိုပိုင်းတင်မဟုတ်ဘဲ ဒါရိုက်တာပါလုပ်နေတဲ့သူပါ။

သူက ” အသက် 20 လူငယ်တစ်ယောက်ရဲ့ တစ်ချိန်က ချစ်သူများနေ့အတွက် ဒီရင်ခုန်သံလေးနဲ့ သူမကို သိပ်သိပ်ချစ်ခဲ့သူပါဗျာ ။ အချိန်ရဲ့ တိုက်စားမှူ အောင်မြင်မှူရဲ့ တံတိုင်းတွေနဲ့အသိုင်း အဝိုင်းတွေရဲ့ စည်းမျဉ်းတွေကြားမှာ ကျွန်တော့် ရဲ့ ရင်ခုန်သံတွေက ရပ်တန့်သွားခဲ့ရင်တောင် ရင်ခုန်သံတွေက သံစဉ်အဖြစ် ထင်ချန်နေတုန်းပါ နတ်သမီးလေးရယ်” လို့ဆိုကာ ရည်းစားဟောင်းကို လွမ်းနေကြောင်းပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဖွင့်ပြောဖို့ သတ္တိနည်းနေသူတွေအတွက်လဲ “Hello Feb ချစ်သူများနေ့ မတိုင်မီ တိတ်တခိုး ချစ်နေသူတွေရင်ဖွင့်ဖို့ လိုနေသူအတွက်ရော ချစ်နေတာကို ဆထက်တပိုး ပိုပိုချစ်ချင် သူတွေရော ထျန်ခေးရဲ့ ချစ်ခွင့်ပန်တေး များဖြစ်တဲ့ Romantic Love Songs Selection Album ကို Feb 1 မှ စပြီးတော့ ပရိသတ်များ အတွက် JOOX ကနေ နားဆင်ခံစားနိုင်ပါတယ် “လို့လဲ သူ့ရဲ့သီချင်းအသစ်လေးအကြောင်းကိုလဲ ပြောပြခဲ့ပါသေးတယ်။

ဖတ်ရူ့ပေးကြတဲ့သူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 623 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ