Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသက်အငယ်ဆုံး နိုင်ငံတကာ အကယ်ဒမီဆု ရရှိခဲ့တဲ့ ပြည့်ပြည့်

ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိခဲ့တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးဟာ ပြည်တွင်းမှာသာမက ပြည်ပမှာလဲ လူကြိုက်များဝန်းရံခြင်းကို ခံခဲ့ရတဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ကားကြီးမှာ စင်ကာပူနိုင်ငံ မှ ချီးမြှင့်တဲ့ AACA ဆုချီးမြှင့်ပွဲမှာ အသက်အငယ်ဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ကလေးသရုပ်ဆောင်ပြည့်ပြည့်မှ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

အဆိုပါ ဆုချီးမြှင့်ပွဲကို အတူတူတက်ရောက်ခဲ့တဲ့အပြင် ပြည့်ပြည့်ကို ဆုချီးမြှင့်ပေးခဲ့ရတဲ့ ဝတ်မှုံရွှေရည်က ” ကိုယ့် နိုင်ငံက ရတဲ့ဆု ကို ကိုယ်ပြန်ပေးရတော့ ဘယ်လိုကြည်နူးမှန်းမသိ ဇာတ်ကားထဲ မှာ အလွန်ချစ်ရတဲ့သမီးလေး အပြင်မှာလည်း လိမ်မာ ပါးနပ် အလိုက်သိလွန်းတဲ့အရမ်းချစ် ရသော ပြည့်ပြည့်လေး သိပ်ကို ဂုဏ်ယူရပါတယ် ❤️” လို့ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးဟာ Asian Academy Creative Awards အတွက် Regional ဆုတွေကတော့ အကောင်းဆုံးဒါရိုက်တာဆု ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဓာတ်ပုံဆုနဲ့ အကောင်းဆုံးဇာတ်ဝင်တေးဆုတွေဖြစ်ပြီး နောက်တစ်ဆင့် International အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုနဲ့ အကောင်ဆုံးအမျိုးသမီးဇာတ်ပို့ဆု ဇကာတင်ထဲမှာ လိပ်ပြာစံအိမ်က ထိပ်ဆုံးစာရင်းထဲမှာပါဝင်ခဲ့ပြီး အကောင်ဆုံးအမျိုးသမီးဇာတ်ပို့ဆု ကို ဆွတ်ခူးနိုင်ခဲ့တာဘဲဖြစ်ပါတယ်။

Asian Academy Creative Awards Red carpet ပွဲကို လိပ်ပြာစံအိမ်ပရိသတ်တွေရဲ့အချစ်တော် ဝတ်မှုန်ရွှေရည်နဲ့ ပြည့်ပြည့်တို့က လိပ်ပြာစံအိမ်အဖွဲ့သားတွေနဲ့အတူ ဒီနေ့ တက်ရောက်ခဲ့ပါတယ်။

ပရိသတ်ချစ်တဲ့ ကလေး သရုပ်ဆောင်ပြည့်ပြည့်ကတော့ ရုပ်ရှင်ကားတွေ များစွာကို ရိုက်ကူးပုံဖော်လေ့ရှိပြီး ကလေးတစ်ယောက်ဖြစ်သော်လည်း အနုပညာအပေါ်ခံစားသက်ဝင်မှုတွေ ကြိုးစားအားထုတ်မှုတွေမှာ အရမ်းကို ပိုင်နိုင်ကျွမ်းကျင်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။

Snow (mcc)

(Visited 4059 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ