Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသက်ကြီးလာရင် အိုဇာတာကောင်းချင်တယ် ဆိုတဲ့ အေးမြတ်သူ

ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့ပြီး ပရိသတ်အပေါ်မှာရော အနုပညာရှင်တွေကြားမှာရော မီဒီယာ တွေနဲ့ပါ အဆင်ပြေတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူမဟာ ယခုနှစ်မှာလဲ အကယ်ဒမီ ဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိခဲ့သူလဲ ဖြစ်ပါတယ်။ သူမအနေနဲ့ လက်ရှိမှာ သူမပါဝင်ရိုက်ကူးထားတဲ့ ပြုံးရွှင်ရေ ပျော်ရဲ့လားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်နေမှာတော့ အမှန်ပါဘဲ။ အဆိုပါရုပ်ရှင်ဇာတ်ကားဟာ ဧပြီလ ၂၅ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး ရုပ်ရှင် နမူနာလေးကိုကြည့်နေရင်းနဲ့ဘဲ အေးမြတ်သူရဲ့ သရုပ်ဆောင်ချက်တွေ အကယ်ဒမီ ထပ်မံရရှိဖို့ မဲပေးနေကြပြန်ပါတယ်။

အေးမြတ်သူကတော့ မဲပေးတဲ့သူတွေကို ကျေးဇူးအထူးတင်ပေမယ့် သူမအနေနဲ့ လောဘမကြီးပါဘူးပါတဲ့ ယခုရောက်နေတဲ့ Life လေးကိုဘဲ သူမအနေနဲ့ကျေနပ်ပီတိ ဖြစ်နေရပါပြီ ဆိုကာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမအနေနဲ့ အသက်ကြီးလာတဲ့ အခါမှာတော့ အိုဇာတာကောင်းချင်ပါတယ်ဆိုကာ ပြောပြခဲ့ပါသေးတယ်။ သူမပြောခဲ့တာကတော့ ………….

“ ကိုယ်ပြင်သင့်ပြီလို့သိတဲ့ အချိန် ပြင်လိုက်ပါ။ အေးမြတ်သူ ကတော့ အိုဇာတာကောင်းချင်တယ် ငယ်ငယ်က ဘယ်လောက်ဘဲ ဆိုးခဲ့ဆိုးခဲ့ ၊ ဘယ်လောက်ဘဲ ပင်ပန်းခဲ့ပင်ပန်းခဲ့ အသက်ကြီးလာတဲ့အခါ လိမ္မာပြီး တည့်မတ်တဲ့ ဘဝကြီးနဲ့ နေသွားချင်တယ် ။ အဓိကမိန်းမတွေပါဘဲ ကိုယ့်ကိုကိုယ်ကာကွယ်မှဘဲရမှာ ကိုယ့်ကိုကိုယ်မ ကာကွယ်နိုင်ရင် ဘယ်သူမှ ကာကွယ်ပေးလို့မရဘူး၊ ကာကွယ်မှာလဲ မဟုတ်ဘူး ”

“ ကိုယ့်ကိုကိုယ်ချစ်ပါ ကိုယ့်ကိုကိုယ်ချစ်မှ သူများက ကိုယ့်ကိုချစ်လိမ့်မယ် ကိုယ့်ကိုကိုယ်မချစ်ဘဲ တစ်စုံ တစ်ယောက်ကို သွားပြီးချစ်နေရင် သူကကိုယ့်ကို တန်ဖိုးထားမှာမဟုတ်ဘူး ကိုယ့်ကိုကိုယ်ချစ်ပါ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင်နေပါ မိန်းမတစ်ယောက်အတွက် အာ့ကအရေးကြီးဆုံးဘဲ”

“ နောက်ပြီး အေးမြတ်သူလဲ အိုဇာတာကောင်းမကောင်းမသိဘူး။ လူငယ်ဘဝမှာ ကိုယ်ဖြတ်သန်းလာရတဲ့ ရပ်တည်မှုကကောင်းမှ အသက်ကြီးလာရင်ကောင်းမှာ အိုဇာတာကောင်းဖို့ဆိုတာ ငယ်ငယ်ကတည်းက တဖြေးဖြေးချင်း လုပ်ယူလာရမှ ကောင်းမှာ စုံလုံးမျှောပြီးမနေပါနဲ့ ဘဝကို လွယ်လွယ် နဲ့ အရှုံးမပေးပါနဲ့” ဆိုကာ ပြောပြခဲ့ပါတယ်။

အေးမြတ်သူကို ချစ်တဲ့ ပရိသတ်ကြီးရော သူမရဲ့ ပညာရစေမယ့် စကားတွေ ဘဝအတွက် ခွန်းအားဖြစ်စေမယ့် စကားတွေကို နားထောင်ပြီး လိုက်ပါကျင့်သုံးကြပါလို့ ပြောရင်း ဖတ်ရှု့သူချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူး တင်ရှိပါတယ်။

Source- Myanmarcelecrazy interview
photo – nay min tun
Snowpiki(MCC)

(Visited 322 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ