Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အသက်ကြီးတဲ့ လူကိုယူတိုင်း ဘောစိလို့ထင်တဲ့ သူတွေကို နားလည်လို့မရဘူး ဆိုတဲ့ အလှမယ် Wမေရှင်းစိန်

ပရိသတ်တွေ ချစ်တဲ့ အလှမယ် Wမေရှင်းစိန် ဟာ မကြာသေးခင်ရက်ပိုင်းက သူ့ရဲ့ ချစ်ရတဲ့ ချစ်သူနဲ့ လက်ထပ်လိုက်ပြီလို့ သိရပါတယ်။ သူက အလှမယ်တစ်ယောက်ဖြစ်ပြီး တိုင်းရင်းသူတစ်ယောက်လဲ ဖြစ်တာကြောင့် သူမရဲ့အလှက နိုင်ငံခြားသူတစ်ယောက်အလား ရှင်းသန့် လှပနေသူလေးပါ။ သူကို ငယ်ငယ်လေးနဲ့ လက်ထပ်သွားတာကြောင့် ချစ်တဲ့ပရိသတ်တစ်ချို့က နှမျောတသဖြစ်ကြသလို မနာလိုဝေဖန်ကြသူတွေလဲ ရှိတာကြောင့် ယခုလို တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

သူပြောလိုက်တာကတော့ ” ကချင်အလှမယ်တွေကိုအားပေးတဲ့ Page ထင်လို့ပုံတွေယူပီး ရေးတာဘာမှမပြောတာ အခုကရှယ်တဲ့လူတွေလည်းရှိ ကော်မန့်ပေးတဲ့လူတွေလည်းရှိနေတာကို ပုံယူတင်တဲ့သူက ဘောစီနဲ့ယူတာလေတို့ တွေ မသိရင် အရမ်းသိသလိုရှင်းပြနေတာ 😏နမြောတယ်လို့ပြောတာ လက်ခံနိုင်တယ် ဘာမှမသိ မစဉ်းစားမဆင်ခြင် ဘောစီမို့ယူတာတွေဘာတွေနဲ့ “

” အခုယူတဲ့အမျိုးသားကလည်းမြန်မာနိုင်ငံမှာလာပြီးအလုပ်လုပ်တာပါဘဲ ဝန်ထမ်းပါဘဲ ချစ်သူသက်တမ်းကိုလည်းမေးနော် 😏ပိုက်ဆံရှိလို့သာယူတယ်ဆို ဒိီနိုင်ငံမှာတောင် နှစ်ယောက်သားဝန်ထမ်းမလုပ်ဘဲ သူ့နိုင်ငံပြန်ပြီး အေးဆေး နေနေမှာ အသက်ကြီးတဲ့လူယူတိုင်း ဘောစီတွေဘာတွေ ပြောနေတာ ဘယ်လိုအသိစိတ်နဲ့လည်းဆိုတာ နားလည်လို့မရဘူး “

” သွားရှင်းပြတော့လည်း နိုင်ငံကြောင့်သူ့ပတ်ဝန်းကျင်ကြောင့်အသက်ကြီးတဲ့သူယူတိုင်းဘောစီထင်မိတာပါတဲ့ အော်သနားလိုက်တာ တချို့ပညာမတက်ပေမဲ့ စဥ်းစားဥာဏ်ရှိပြီး တဖက်သားကို မသိဘဲဇွတ်ရမ်းသမ်းမပြောတက်တဲ့သူတွေအများကြီးပါ အခုကပညာတက်ပီးကိုယ့်အမှားမမြင်ဘဲနိုင်ငံနဲ့ပတ်ဝန်းကျင်ကို အပြစ်တင်တက်တဲ့ Page ကိုင်တဲ့သူရေ နောက်တခါဆို သည်းခံမှာမဟုတ်ပါဘူး” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

Wမေရှင်းစိန်ဟာ သူ့ရဲ့ချစ်ရသူနဲ့ ၂၀၂၀ခုနှစ် ဇန်နဝါရီလထဲက ပူတာအိုမှာ Pre wedding ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာဖြစ်ပြီး ချစ်သူတို့ရဲ့ ချစ်သူသက်တမ်းဟာ အချိန်အတိုင်း အတာတစ်ခုထိရှိခဲ့ကြပါတယ်။ ယခုလို လက်ထပ်လိုက်ခြင်း​အပေါ် သူ့ရဲ့မိတ်ဆွေအသိုင်းက လဲ ဆုတောင်းစကားသံတွေပြောထားတာကိုတွေ့ရပါတယ်။

Snow(mcc)

(Visited 34803 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ