Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အလှပြင်တာ ၂နာရီကြာလို့ မေမေဆူတာခံနေရတဲ့ ပိုင်ဖြိုးသု

အကယ်ဒမီ မင်းသမီးချော ပိုင်ဖြိုးသုဟာ သူမချစ်တဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း သင်ယူလေ့လာစရာတွေကိုလဲ မလစ်ဟင်းအောင် ကြိုးစားသင်ယူလေ့ရှိတဲ့ သူတစ်ယောက်ပါတယ်။ သူမက အိမ်မှာတော့ အိမ်ထောင်ပြုပြီးတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်နေသော်လည်း အမေဖြစ်သူရဲ့ ဆူတာကို ခံနေရတယ် ဆိုတဲ့အကြောင်းကို ချစ်စရာကောင်းအောင်ပြောပြလာပါတယ်။

သူမပြောခဲ့တာကတော့ ” မာတာမိခင် : ဟဲ့…နင်မနက်ပိုင်းအားရင် ငါနဲ့အပြင်ကိုအ‌ဖော်လိုက်ခဲ့ပေး….မိမိ: ဟုတ်….မာတာမိခင်: လူနဲ့သူနဲ့တူအောင်ဝတ်စားပြင်ဆင်ပြီးလိုက်နော်!!! အထီးမှန်းမသိအမမှန်းမသိဂျင်းဘောင်းဘီအစုတ်နဲ့မျက်နှာပြောင်နဲ့မလိုက်ခဲ့နဲ့…ငါရှက်တယ်….မိမိ: အိုးခီ မေမေ…. 😏😏😏”

“(၂)နာရီကြာပြီးနောက် ကားပေါ်တွင်….😜လှတပတသုသုမဘေးတွင်ပွစိပွစိဆူပူကြိမ်းမောင်နေသောမာတာမိခင်ကို တစ်ချက်ရှိုး 🤪😜😂သူပဲလူလူသူသူလိုက်ခဲ့ဖို့ပြောလို့ အလှပြင်တာမဆိုစလောက် (၂)နာရီလောက်လေးပဲကြာတာ သုသုလွန်သလားလို့….. 🤗” ဆိုပြီး ပုံလေးနဲ့အတူရေးသားလာပါတယ်။

ပရိသတ်တွေချစ်တဲ့ မီ ကတော့ ချစ်စရာကောင်းတဲ့အပြုအမူတွေနဲ့ ချွဲနွဲ့တက်တဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေက သိပ်ချစ်ပါတယ်။ ပိုင်ဖြိုးသုကို စိုင်းစိုင်းကိုချစ်တယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေ စတင်သိခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဗိုလ်အောင်တင်နဲ့ သူ၏ချစ်သူများ ရုပ်ရှင်ဇာတ်ကားမှာ မမြဝင်း အဖြစ် ပရိသတ်တွေ ချစ်ခဲ့ကြပြီး သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို ရုပ်ရှငမဇာတ်ကားကြီးနဲ့ကတော့ အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။ ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေကပါသိခဲ့ကြတဲ့ မီကတော့ သူမရဲ့အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။

လတ်တလောမှာတော့ ရုံတင်ပြသနေဆဲဖြစ်သလို အောင်မြင်မှုတွေနဲ့အတူ ပရိသတ်အားပေးလက်ခံခြင်းကိုပါ ရရှိထားတဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ ပိုင်ဖြိုးသု က အဓိကမင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။

ပိုင်ဖြိုးသုကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)

(Visited 2597 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ