Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အလှပုံတွေတောင် ဒီအချိန်မတင်ရက်လို့ မတင်ချင်ပါဘူးဆိုတဲ့ ချစ်သုဝေ

ချစ်သုဝေနဲ့ လင်းလင်းတို့ဇနီးမောင်နှံဟာ ဗစ်တိုးရီးယားလေး ကိစ္စကို အစွမ်းကိုကူညီနေသလို တော်တော်လဲ စိတ်ထိခိုက်နေကြတဲ့သူတွေပါ။ ကလေးကိစ္စအတွက် ကလေးရဲ့မိဘတွေနဲ့ တွေ့ပြီးချစ်သုဝေကတော့ ရန်ကုန်ကိုပြန်ရောက်နေပါပြီ။ သူမဟာ သမီးလေးမေမေရဲ့ ရင်ဖွင့်သံကိုတွေးမိလိုက်တိုင်း ရင်ထဲမှာစို့နင့်ပြီး အရမ်းကို ဝမ်းနည်းရတယ်ဆိုတဲ့အကြောင်းကို ရေးသားဖော်ပြခဲ့ပါတယ်။ သူမရေးသားခဲ့တဲ့ အကြောင်းအရာလေးကို အပြည့်အစုံဖော်ပြပေးလိုက်ပါတယ်နော်။

“Victoria အမှုဟာ တစ်နိုင်ငံလုံးကသားသမီးရှိတဲ့မိသားစုတွေနဲ့သက်ဆိုင်တဲ့အမှုပါ..၊ နေပြည်တော်က ပြန်လာပြီးကတည်းကစိတ်ကအင်မတန်မှ ငြိုးနွမ်းနေတယ်..သမီးလေးမေမေရဲ့ မျက်ရည်နဲ့ပြောတဲ့ သမီးလေးအပေါ်ထားတဲ့သူ့ရဲ့မေတ္တာတွေ,ယူကြုံးမရမှုတွေ,ကြောက်ရွံ့သိမ်ငယ်ရမှုတွေက နားထဲပဲ့တင်နေရောပဲ နဂိုကစိတ်နုတဲ့ကိုယ့်မှာ ခေါင်းထဲမရောက်ချင်ပဲရောက်လာတိုင်း မျက်ရည်တွေကျရတယ်..”

“ကိုယ်သမီးလေးတွေ အတွက်လည်း ဒီမြေဒီရေ ဒီဥပဒေအောက်မှာ ကြီးပြင်းလာရမှာတွေးရင်းရင်တွေပူ ဗလောင်ဆူ မဖြစ်သေးတာ တွေကြိုတွေးပူ..အလုပ်တွေဆက်တိုက်လုပ်ဖို့ရှိသေးတော့ အလုပ်ကိုစိတ်ထဲနှစ်ထားရမယ် နို့မို့ဆိုအားတာနဲ့ တွေးမိပြီးရင်ထဲစို့နေရာ.. အလုပ်နဲ့ပတ်သက်တဲ့ကြော်ငြာpostလေးတွေရယ် အလှပုံတွေရယ် ဒီချိန် မတင်ရက်ဘူး မတင်ချင်ဘူး..(လလယ်လောက်မှပုံမှန်ပြန်တင်ပေးပါ့မယ်နော်)” လို့ ဆိုပြီး ဝမ်းနည်းစွာရေးသားခဲ့ပါတယ်။

သမီးရေးရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကို လင်းလင်းကလဲ တက်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကြိုးစားနေပါတယ်။ အဲ့ဒီလိုဘဲ ရန်ကုန်မှာရှိတဲ့ ပြည်သူတွေရော၊အနုပညာရှင်တွေပါ ပါဝင်ကာ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီလိုအဖြစ်မျိုးထပ်မံမဖြစ်ပေါ်ဖို့အတွက် မိခင်များစွာမှာ တာဝန်ရှိနေပါတယ်။ သမီးလေးရဲ့ အမှုလဲ တရားခံအမြန်ဆုံး ပေါ်ပေါက်ပြီး စစ်မှန်တဲ့တရားခံဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Source – chit thu wai’s fb

(Visited 282 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ