Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အလုပ်တွေများပြီး မိဘတွေကိုအချိန်မပေးနိုင်လို့ တာဝန်မကျေသလို ခံစားနေရတဲ့ တိုင်ရွန်

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် တိုင်ရွန်ဟာ မော်ဒယ်ဘဝကနေ သူ့ရဲ့ကြိုးစားအားထုတ်မှု တွေကြောင့် ရုပ်ရှင်ကားကြီးတွေများစွာရိုက်ကူးလာရပြီး ဇာတ်လမ်းတွဲတွေမှာလဲ ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတာတွေ များစွာတွေ့ရှိရပါတယ်။ တိုင်ရွန့် ကို မနေ့ကဖြစ်သည် ရုပ်သံဇာတ်လမ်းတွဲမှာ ပရိသတ်တွေ အားပေးဝန်းရံသူ ပရိသတ် ပိုမိုများပြားခဲ့တာလဲ ဖြစ်ပါတယ်။

သူက ဒုတိယမင်းသားနေရာကနေ ရုပ်ရှင်ကားတွေများစွာရိုက်ကူးလာရပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် အခမ်းနားဆုံးမေတ္တာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ချိုးရုပ်ရုပ်ရှင် ဇာတ်ကားကြီးတို့မှာလဲ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူက အလုပ်တွေကိုသာဖိလုပ်နေပြီး မိသားစုကို အချိန်မပေးနိုင်တာကြောင်း သူ့ကိုသူ မိသားစုတာဝန်မကျေသလိုခံစားနေရတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တာက ” ကျွန်တော် အလုပ်အကိုင်တွေ အဆင်ပြေနေတာ ကျွန်တော့်မိဘတွေ ကျေးဇူးပါ ဒီနေ့ပွဲမှာ ရှိနေစေချင်ပေမယ့် မရှိနိုင်တာ စိတ်မကောင်းပါဘူး ခရီးထွက်တာလဲ မလိုက်နိုင်တဲ့အတွက် တာဝန်မကျေသလိုဖြစ်နေတယ် မိသားစုအတွက်အချိန်ပေးတာနည်းနေတဲ့အတွက် သား ကိုခွင့်လွှတ်ပါ ဒီနေ့ အရမ်းပျော်တဲ့အတွက် သားဒီနေရာကနေ ရှိခိုးကန်တော့လိုက်ပါတယ် 🙏အချိန်တွေအကြာကြီး သားနဲဲ့ တူတူရှိနေစေဖို့ သားဆုတောင်းပါတယ်” လို့ဆိုကာ မိဘတွေရဲ့ပုံကို တင်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

တိုင်ရွန်ဟာ သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်သလို မိဘအပေါ် သိတက်လိမ္မာတဲ့ သားလိမ္မာလေးတစ်ယောက်လဲဖြစ်ပါတယ်။

Snow(mcc)

(Visited 348 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ