အလန်းစားဖက်ရှင်ကိုယ်စီနဲ့ ပွဲတက်လာတဲ့ တစ်ရက်ကြီးတစ်ရက်ငယ် ညီမနှစ်ယောက်

ပရိသတ်တွေကြားမှာ အရမ်းကို ဟစ်ဖြစ်ပြီး ချစ်သူခင်သူပေါများသလို အနုပညာပိုင်းမှာလဲ ထူးချွန်သူတွေဖြစ်တဲ့ တစ်ရက်ကြီးတစ်ရက်ငယ် ညီအစ်မနှစ်ယောက်ဖြစ်တဲ့ဖွေးဖွေး နဲ့ ဝတ်မှုံရည်တို့ဟာ LUSH Magazine ရဲ့ ၂နှစ်ပြည့်အထိမ်းအမှတ်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ သူတို့အပြင်အခြားသော အနုပညာရှင်တွေလဲတက်ရောက်ခဲ့ကြပါတယ်။

သူတို့ ညီအစ်မနှစ်ယောက်ဟာ အကယ်ဒမီတွေလဲရရှိပိုင်ဆိုင်ထားပြီး နောက်ပိုင်းမှာ တကယ့်ကို နာမည်ကျော်တဲ့ မင်းသမီးနှစ်လက် ဖြစ်ပြီး အသက် ၃၀ကျော် အပျိုကြီး ညီအစ်မတွေပါ။ အသက် ၃၀ကျော်တွေဖြစ်ပေမယ့် ၁၈နှစ်သမီးလေးတွေလို ဖျတ်လက်နုပျိုနေဆဲဖြစ်ပါတယ်။

သူတို့နှစ်ယောက် တက်ခဲ့တဲ့ ပွဲလေးကတော့ LUSH Magazine ၂နှစ်ပြည့်အထိမ်းအမှတ် The Iconic Evening Fashion Show ပွဲအခမ်းအနား လေးဖြစ်ပြီး စက်တင်ဘာလ(၂၈)ရက်နေ့ ညနေ၆နာရီအချိန်က အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာလဲ ဖြစ်ပါတယ်။

အဆိုပါ ပွဲကြီးကို အနုပညာရှင်များစွာတက်ရောက်ခဲ့ကြပြီးအောင်မြင်မှုတွေများစွာ ရှိခဲ့တဲ့ ပွဲတစ်ခုလဲဖြစ်ခဲ့ပါတယ်။ ယူတို့ရဲ့ အချစ်တော်က ဖွေးစိန်လား ကစ်လေးလားဆိုတာကို ပြောပြခဲ့ကြပါအုံး။

Source – phway phway’sfb ,wuttmhoneshweyi’sfb

(Visited 7960 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ