Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အရုပ်မလေးလို ချစ်စရာကောင်းနေတဲ့ ဖွေးဖွေး

ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီဖွေးစိန်ကတော့ တစ်နေ့ထက်တစ်နေ့ပိုပိုပြီး ချစ်စရာကောင်းလာပါတယ်။ ဖွေးဟာ ယခုနောက်ပိုင်းမှာတော့ သူမရဲ့ အသက်နဲ့ယှဉ်ရင် တော်တော်လေးကို ငယ်တယ်လို့ ထင်ရလောက်တဲ့ ပုံစံလေးတွေနဲ့ ပွဲတက်လာတာကို မြင်ရမှာဖြစ်ပါတယ်။ ယခုအခါမှာလဲ သူမက အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ဝတ်စုံလေးနဲ့ ဒီဇိုင်နာ ငြိမ်းကိုရဲ့ဖက်ရှင် ရှိုးပွဲကို တက်ရောက်လာပါတယ်။

ဒီဇိုင်နာ ငြိမ်းကို က ဖွေးဖွေးကို သူပြင်ဆင်ပေးဖြစ်ပုံကိုလဲ ” ကျွန်တော့်ရှိုးပွဲမှာ ကျွန်တော့်ရဲ့ချစ်သောညီမလေးဖွေး ပွဲလာ တက်ပေးတာ အရမ်းပျော်တယ်….ဖွေးပွဲ တက်ရင် ဝတ်မယ့် ဝတ်စုံလေးကိုလည်း Suprise Box ? လေးနဲ့အတူ ပို့ပေးလိုက်တာ…? ပွဲမလာခင် စာလှမ်းပို့သေးတာ… အကိုပို့တဲ့ Box ထဲက ကိတ်မုန့်မှာပါတဲ့အရုပ်မလေးလို ပြင်ပီးတက်မှာတဲ့လေ..တကယ့်အရုပ်မလေးပါဘဲဖွေးရေ??‍♀️ ” ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ကျေနပ်စွာ ရေးသားခဲ့ပါ တယ်။

အရုပ်မလေးလို သိပ်ချစ်စရာကောင်းနေတဲ့ ဖွေးစိန်လေးကို ချစ်ပရိသတ်ကြီး သဘောကျမိမယ်ထင်ပါတယ်။ ဖွေးစိန်လေးရဲ့ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့ ပုံရိပ်လှလှလေးတွေ တင်ဆက်ပေးလိုက်ပါတယ်နော်။

ဖတ်ရူ့ပေးသူတွေကိုကျေးဇူးတင်ရှိပါတယ်။

Source – Nyein Ko’s, Nay Min Tun’s

(Visited 286 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ