Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အရိုးကင်ဆာဝေဒနာရှင် ကလေးတစ်ဉီးအတွက် ဆေးကုသစရိတ်လှူဒါန်းခဲ့ ဘင်ဂျမင်ဆုမ်း

မြန်မာအိုင်ဒေါ season 4 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့တဲ့ အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ အားပေးသူပရိသတ်တွေ များစွာရရှိခဲ့ပြီး ယနေ့အချိန်မှာတော့ အောင်မြင်လာတဲ့ အဆိုတော်တစ်ယောက်လို့ပြောရမှာပါ။ သူဟာ winner မဖြစ်ခဲ့ပေမယ့် ပွဲငှားတဲ့ သူတွေများစွာရရှိခဲ့ပြီး ပြိုင်ပွဲပြီးထဲက ယနေ့အချိန်ထိ ဆက်တိုက်ဆိုသလို သီဆိုဖျော်ဖြေနေရတာလဲ ဖြစ်ပါတယ်။

သူဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူပီပီ ပရိသတ်ရဲ့ လိုအပ်ချက်တွေကိုလဲ ပြန်လည်ဖြည့်ဆည်းပေးလာပါပြီ။ အဲ့ဒါကတော့ အရိုးကင်ဆာ ဝေဒနာကို ပင်းထန်စွာခံစားနေရတဲ့ ကလေးငယ်တစ်ဦးအတွက် ဆေးကုသစရိတ်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး “ ညီလေးဘင်ဂျမင်ဆုမ် းမှအရိုးကင်ဆာဝေဒနာခံစား နေရသော သားလေးရှိုင်းဝေယံအတွက်ဆေးကုသရ န်အလှုငွေတစ်သိန်းကျပ်လှုဒါန်းလာပါသည်။ စေတနာရှင်ညီ မတစ်ဦးမှလဲ တစ်သိန်းကျပ်လှုဒါန်း ထားပါသည်။အလှူရင်အားလုံးကျန်းမာချမ်းသာကြ ပါစေဗျာ” လို့ ဆိုကာ ONE TO ONE လူနာကူညီရေးမှ စိုင်းနေမျိုးမောင်မောင် မှ ရေးသားဖော်ပြခဲ့တာလဲ ဖြစ်ပါတယ်။

ဘင်ဂျမင်ဆုမ်း ရဲ့ မွန်မြတ်လှတဲ့အလှူဒါနအတွက် ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါဦးနော်။ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1686 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ