အရမ်းချစ်ပါလျက် နဲ့ တန်ဖိုးထားမယ့် လူစီ လွှဲပြောင်းပေးတော့မယ် ဆိုတဲ့ ယုန်လေး

အနုပညာကို အရမ်းရူးသွပ်တဲ့ အဆိုတော် ဒါရိုက်တာ ယုန်လေးဟာ အနုပညာအလုပ်တွေကိုစွဲလမ်းရူးသွပ်နေယုံတင်မ က ဘဲ အသုံးအဆောင် ပစ္စည်းလေးတွေကို အရမ်းရူးသွပ်တဲ့သူတစ်ယောက်ပါ။ သူက သူငယ်ငယ်ထဲက အရမ်းကြိုက်ပြီး အနှစ် ၃၀ လောက် သူနဲ့အတူ ရှိနေတဲ့ ကားလေးကို တန်ဖိုးထားမယ့်တခြား သူလက်ထဲကို လွှဲပြောင်းတော့မယ်ဆိုတဲ့ အကြောင်းကို စိတ်ဝင်စားစရာ ကောင်းအောင် ရေးသားလာပါတယ်။

သူရေးသားခဲ့တဲ့ တာကတော့ ”ကျွန်တော် ငယ်ငယ်ထဲက အခုထိ အကြိုက်ဆုံးကားအမျိုးစားလေးပေါ့ Sky Line မှာR35 မဝယ်နိုင်တော့ မစီးဖူးဘူး R33. 34 တွေစီးဖူးတယ် . ဒီ R32 ကို 33. 34 တွေထပ်ပိုက်ကြိုက်တယ်။ GTST . Turbo နဲ့ပါ။ Model က89 . 90 . အခု နှစ် ၃၀ လောက်ရှိပြီ ။ အခုချိန်ထိ Aircon လေပေါက်တောင် မကျိုးပဲ့ပဲ အကောင်းတိုင်းရှိတယ် ။တစ်စီးလုံး အသစ်တိုင်းပဲ ”

” လက်ထဲထားရင် လျောက်ဆင် ဆေးမူတ် အလိုင်းလဲ
ညတွေ လူတွေကြားရော လူရှင်းတဲ့ နား ကွေ့လို့ကောင်းတဲ့နားတွေ Drift တွေ အဝိုင်းတွေ ပတ်မိရင် ကိုယ်ပစ္စည်းနဲ့ ကိုအမုန်းခံရတော့မယ်။ လက်ထဲ မှာဆိုတော့ စိတ်ထိန်းနိုင်မှာလည်းမဟုတ်ဘူး။ စောက်ရမ်းချစ်လျက် နဲ့ တန်ဖိုးထားမယ့်လူလေးစီ လွှဲပြောင်းပေးမယ် 😭😭😭 သိန်း ၂၀၀ လောက်ဆိုရောင်းမယ် ” လို့ ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်မှာ ရေးသားထားခဲ့ပါတယ်။

ကားရောင်းတဲ့ ပို့စ်လေးဖြစ်ပေမယ့်စာသမား ပေသမားပီပီ စိတ်ဝင်စားစရာကောင်းတဲ့ ပိုစ့်လေးအဖြစ်ရေးသားလာပါတယ်။ ယုန်လေးရဲ့ ပရိသတ်ကြီးကို အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source – yone lay’sfb

(Visited 3130 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ