Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမှုစစ်တဲ့အချိန် ကလေးမလေးကျန်းမာရေးကောင်းပါစေ လို့ ဆုတောင်းပေးနေတဲ့ ဇာဇာထက်

ယခုရက်ပိုင်းအတွင်း ပရိသတ်တွေကြားမှာ စိတ်ဝင်စားဖွယ်ရာတစ်ခုဖြစ်နေတဲ့ ရုပ်ရှင်မင်းသားတစ်ဦး ရဲ့ အိမ်က အိမ်ဖော်မလေးရဲ့ အက်စစ်နဲ့ပတ်ခံရတဲ့ ပြဿ နာဘဲ ဖြစ်ပါတယ်။ အက်စစ်နဲ့ပတ်ခံထားရတဲ့ ဒဏ်ရာကြောင့် အမှုစစ်တဲ့အခါ ကလေးမလေး ကျန်းမာရေးကောင်းမွန်လာပါစေလို့ ဆိုကာ Sexy မော်ဒယ် ဇာဇာထက်ကပြောပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ “အမှုစစ်တဲ့အချိန် တရားရုံးကမေးတဲ့ မေးခွန်းတွေကို ခလေးမလေး အမြန် နေကောင်းကျန်းမာစွာ အစစ်ခံနိုင်ပါစေလို့ ဆုတောင်းပါတရ်🙏🏻အမှန်တရားလဲ အမြန်ပေါ်ပေါက်ပါစေ🙏🏻ဖြစ်လေရာဘဝမှာလဲ ဒီလိုဝဠ်ကြွေးတွေ ကျေပါစေလို့အမ ဆုတောင်းပါတရ်🙏🏻ခလေးဘယ်လောက် စိတ်ပင်ပန်းနာကျင်ပြီး စိတ်ဒဏ်ရာတွေရနေမလဲဆိုတာလဲ အမနားလည်ခံစားလို့ရနေပါတရ်😔”

“ပညာတတ်ပြီး အသိဉာဏ်မဲ့ တဲ့မိဘနှစ်ပါးရဲ့ ဆင်ခြင်တုံတရားကြောင့် ဒီဖက်ကခလေးနှစ်ယောက်လဲ Child Psycho မရပါစေနဲ့အမဆုတောင်း ပေးပါတရ် ခလေးတို့ရေ🙏🏻နောက်ပြီး တိတ်ဆိတ်ပြီး မသိချင်ယောင်ဆောင်နေတဲ့ သိုင်းလောကကလူတွေရဲ့ မသိကျိုးကျွံမှုတွေကိုလဲ အံ့ဩမိတရ်😢”

“မပြောရဲကြလို့လား မျက်နှာနာမှာစိုးရိမ်ကြလို့လား?ကျွန်မတို့လို sexy model တွေကျနှောင်းပိုင်းတုန်းက ယဉ်ကျေးမှုဖျက်ဆီး အမျိုးဘာသာသာနာဖျက်ဆီးတရ်ဆိုပြီးတိုင်ကြ တောကျလူရာမသွင်းကြနဲ့ ဒီလို caseတွေကျ ဘာလို့ပြင်းထန် မတိုင်တော မထောက်ပြကြတာလဲဟင်?ကျွန်မပဲ ဉာဏ်ရည်လိုက်မမှီတော့တာ လားမသိဘူး😢” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ဇာဇာထက်ဟာ ဆုတောင်းပေးနေရုံတင်မဟုတ်ဘဲ ကလေးမလေးရဲ့ ဆေးကုသစရိတ်အတွက်ကိုလဲ သူတက်နိုင်သလောက်လှူဒါနါးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ရွှေပေါက်ကံရဲစခန်းက ပြစ်မှုကျူးလွန်သူ တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ဇောတိကလမ်းနေ ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူမဖူးငုံပွင့်နှင့်ဦးမောင်မောင်အေးတို့အား (ပ)အမှတ် ၅၀၅၊ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့ဖြငိ့ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

Snow(mcc)
Source – zar zar htet’sfb

(Visited 63027 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ