Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမှန်တရားကို ဘုရားသိတယ် ဘုရားလှုပ်ရှားပါလိမ့်မယ် လို့ ဆိုတဲ့ အယ်စတာ

ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကြနေလိမ့်မယ်လို့ထင်မိပါတယ်။ တိုင်းရင်းသူလေးဖြစ်ပေမယ့် သီချင်းတွေကို အသက်ဝင်အောင် သီဆိုယှဥ်ပြိုင်သွားနိုင်ခဲ့တဲ့ အတွက် ခုလို Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဘဲဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲကြီးပြီးချိန်မှာတော့ အက်စတာနဲ့ပတ်သက်တဲ့ ကောလဟာလတွေ များစွာထွက်ပေါ်ခဲ့ပေမယ့် သူမက တော့ ဒီလိုလေးပြောလိုက်ပါတယ်။

” သမီးငြိမ်နေတယ်ဆိုတာ အမှန်တရားကိုဘုရားသိတယ်သမီးသိတယ် ဘုရားလှုပ်ရှားပါလိမ့်မယ် သမီးကတော့ အမျိုးတွေနဲ့ရတဲ့ဆုကိုပျော်ပျော်ကြီးအောင်ပွဲခံလိုက်အုံးမယ် 😁တခြားအရာတွေအတွက်အချိန်ပေးဖို့မအားသေးဘူး😆” လို့ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ ရေးသားထားပါတယ်။

အက်စတာနဲ့ ပတ်သက်တဲ့ ကောလဟာလတွေကတော့ မျိုးစုံထွက်ပေါ်ခဲ့ပြီး အိမ်ထောင်ရှိတယ်ဆိုတဲ့သတင်းကလဲ အခြေအနေတော်တော် ဆိုးရွာခဲ့တဲ့အပြင် အမာခံပရိသတ်တွေကပါ ဟုတ်နိုးနိုး ဖြစ်လာခဲ့လို့ သူမရဲ့ အနီးဆုံးလူတစ်ယောက်ကလဲ ခုလိုဖြေရှင်းပေးခဲ့ပါတယ်။

အဲ့ဒါကတော့ ” အစက ဒီမဟုတ်မမှန်သတင်းကိုပေါ့နော် ရှင်းပြဖို့မလိုတဲ့ကိစ္စလို့ တွေးထားတာပါ အခုကြတော့ We We တွေကပါ တကယ်လားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိလာတာမြင်ရတော့ အဖြစ်မှန်လေးကို ရှင်းပြပေးချင်ပါတယ်။ အတော်လေးကြာနေပါပြီ အဲ့တုန်းက ဆုန်ဆုန့်ကိုချစ်တဲ့ ယောင်္ကျားလေးဖန်တစ်ယောက်က ဆုန်ဆုန့်နာမည်လေးကို အလှူဒါယိကာမကြီး နေရာမှာထားပြီး အလှူအတန်းတစ်ခုပြုလုပ်ခဲ့တယ်ထင်ပါတယ် Voting Number လေးတောင် ထည့်ပြီးရေးခဲ့သေးတာတွေ့ရတယ် ”

“ညီမလည်းပုံတွေတက်လာမှသိရတာပါ ဘာမှမသိရှာပါဘူး ပြီးတော့ အလှူတစ်ခုဖြစ်တဲ့အတွက်မို့လည်း ကုသိုလ်တစ်ခုအနေနဲ့ ခံယူပြီး ဘာမှမပြောပဲနေဖြစ်လိုက်ကြတာပါနော် ။အဲ့ဒါကြောင့် အခုလို အိမ်ထောင်နဲ့လားဆိုတဲ့ အခြေအမြစ်မရှိတဲ့မဟုတ်မမှန်သတင်းအပေါ်မှာ စိတ်မပူကြပါနဲ့လို့ ပြောချင်ပါတယ်။ အတိုက် အခိုက်တွေက တစ်ခုမဟုတ်တစ်ခု ချောင်းနေကြတော့ We We တို့လည်း ဆုန်ဆုန့်ကိုကောင်းသော ဝန်းရံခြင်းနဲ့ ကြိုးစားကာကွယ်သွားကြပါစို့ ❤️” လို့ဆိုကာ သူမရဲ့ဖေ့စ်ဘုတ် ပေ့ချ်ကနေ ရေးသားခဲ့ပါတယ်။

အက်စတာပြောသလို ချစ်တဲ့ပရိသတ်တွေက လဲ ကောလဟာလတွေကိုထင်ယောင်ထင်မှားမဖြစ်နေပါနဲ့နော် ဖတ်ရှုပေးသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow (mcc)

(Visited 4674 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ