Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမြန်လမ်းမှာ ကားဘီးပေါက်ခဲ့ပေမယ့် ကံကောင်းခဲ့ပါတယ် ဆိုတဲ့ ခင်သဇင်

ပရိသတ်တွေရဲ့အချစ်တော် ပရဟိတ မင်းသမီးချောလေး ခင်သဇင်ဟာ အမြန်လမ်းပေါ်မှာ သူ့ရဲ့ကားဘီးပေါက်ခဲ့ပြီး ကူညီသူတွေရှိခဲ့လို့ အဆင်ပြေခဲ့ရကြောင်းနဲ့ ဗောဓိကုန်းက မီးသတ်တပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်းပြောပြလာပါတယ်။

ခင်သဇင် ပြောပြခဲ့တာကတော့ ” မန္တလေး ရန်ကုန် အ မြန်လမ်းမှာ ကားဘီးပေါက်ပါတယ်… ကံကောင်းချင်တော့ မီးသတ်ရှေ့တည့်တည့်မှာ ပေါက်တာပါ … အဲဒါနဲ့ မီးသတ်ထဲ ဝင်ပြီး အကူညီတောင်းတာ ပုံပါ မြင်တွေ့တိုင်း မီးသတ်က တာဝန်ရှိသူများ အားလုံး နီးပါး ထွက်လာပြီး ကိုယ်တိုင် ကားဘီး ကို လုပ်ပေးကြပါတယ်…”

“ယခုလို ကူညီစိတ် အပြည့်ရှိတဲ့ ဗောဓိကုန်း မီးသတ်တပ်ဖွဲ့ဝငိများ အားလုံးကို လေးစားစိတ်ဖြစ်မိပါတယ်…မြန်မာနိုင်ငံသား တစ်ဦး အနေနဲ့လည်း ဂုဏ်ယူမိပါတယ်။ ဘီး အပိုနဲ့ ဖြည်းဖြည်း မောင်းသွားဖို့ သေချာ မှာရင်း သူတို့ ဗောဓိကုန်း မီးသတ်တပ်ဖွဲ့ရုံး ရဲ့ ဖုန်းနံပါတ်ကိုပါ လည်း မမေးပဲနဲ့ကို သေချာပြောပြပေးပါတယ်…အမြန်လမ်း မီးသတ်တပ်ဖွဲ့ကို အထူးပဲ လေးစားချီးကျူး ဂုဏ်ပြုပါတယ်ရှင်👏🏻👷🏼‍♂️” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ခင်သဇင်ဟာ ရုပ်ရှင်ကားကြီးတွေမှာလဲ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သလို ဇာတ်လမ်းတွဲတွေမှာလဲ ပါဝင်သရုပ်ဆောင်လာပါတယ်။ သူ့ ရဲ့ပရိသတ်ချစ်တဲ့ အချက်လေးကတော့ ပရဟိတစိတ်ရှိပြီး အားနည်းသူတွေကူညီတက်တဲ့ ပရဟိတမင်းသမီးလေးဖြစ်နေလို့ပါဘဲ ။

သူ့ကို မကြာသေးခင်ကမှ Mrtv 4မှာ ပြသခဲ့တဲ့ အချစ်ဖွဲ့လေညင်းဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလဲ ဗီလိန် ဇာတ်ရုပ်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို အမှတ်ရစေတဲ့ ဇာတ်ကောင်တစ်ခုဖြစ်ခဲ့ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေထဲက ပရိသတ် သဘောကျတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြခဲ့ကြပါဦးနော် ။

Snow(mcc)

(Visited 1320 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ