Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမြတ်ကြီးစား လုပ်သူတွေကို ဥပဒေ နဲ့ အရေးယူရန်ပြင်ဆင်သင့်တယ် ဆိုတဲ့ ဆောင်းဦးလှိုင်

ဆယ်စုနှစ်များစွာကို ပိုင်စိုးထားတဲ့ တေးရေး၊တေးဆို ဆောင်ဦးလှိုင် ဟာ လက်ရှိ ကမ္ဘာပေါ်မှာကြုံတွေ့နေရတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသိပညာပေးအနေနဲ့ ပြောပြလာရင်း ကပ်ရောဂါကိုအကြောင်းပြကာ အမြတ်ကြီးစားလုပ်နေသူတွေ၊ သတင်းအမှားဖြန့်သူတွေကို ဥပဒေကြောင်းအရ အရေးယူသင့်တဲ့အကြောင်းတွေပြောပြလာပါတယ်။

သူက ” အများပြည်သူဘဝ ၊ရှင်သန်ရေး၊ ကျန်းမာရေး ကိစ္စများအတွက် လိုအပ်လျှင် အရေးပေါ်စီမံချက် ဥပဒေစည်းကမ်းများပြဌာန်း၍ အမြတ်ကြီးစားလောဘသမားများ၊ ကောလဟာလဖြန့်အထိတ်တလန့်ဖြစ်စေလိုသူများ၊ ကပ်ရောဂါသင့်လာချိန်- အခွင့်ကောင်းယူပြီး တို့မီးရှို့မီးလုပ်လိုသူများအား အရေးယူရန်ပြင်ဆင်သင့်ပါတယ်”

” ဒီလိုကပ်ဆိုးကြီးထဲမှာ…(၁) ကုန်ဈေးနှုန်းတက် အမြတ်ကြီးစားဖို့မကြံစည်သင့်ပါ။ (၂) မရှိတဲ့လူကို ပြည့်စုံကြွယ်ဝသူတွေက ပိုမိုငဲ့ညှာစောင့်ရှောက်ရမယ့်အချိန်ပါ။🙏(၃)နိုင်ငံရေး/ စီးပွါးရေးအမြတ်ထုတ်ရမယ့် အချိန်မျိုးမဟုတ်ပါ”

“(၄)သတင်းမှားများ ကောလဟာလများ ဖြန့်သူတိုင်းကို ပြင်းထန်စွာအရေးယူပါ။(၅)အစိုးရ၏ကျန်းမာရေးဆိုင်ရာပြဌာန်းချက်များညွှန်ကြားချက်များကိုမလိုက်နာလျှင် ပြတ်ပြတ်သားသားအရေးယူပါ။(၆)အခက်အခဲများသည် လူသားများ၏ အရည်အချင်း၊ အရည်အသွေး၊ သတ္တိဗျတ္တိ၊ မွန်မြတ်စိတ်ထားတို့ကို ထုတ်ဖော်ပြသခွင့်ပေးမည့်စိန်ခေါ်သံဖြစ်ပါတယ် ”

“(၇) ပြည်သူလူထုတွင် ရှစ်လေးလုံး၊နာဂစ်မုန်တိုင်း၊ရွှေဝါရောင်အရေးအခင်းအတွေ့အကြုံများစွာ ရှိကြရာ လမ်းအလိုက်၊ရပ်ကွက်အလိုက်ထိန်းသိမ်းနိုင် စွမ်းရှိကြပါသည်။ကျန်းမာရေးသတိပိုရှိကြရန်သာ လိုအပ်ပါသည်။🙏ညီညီညွတ်ညွတ်ဖြင့်လူပီသကြပါစို့” လို့ ဆိုကာ ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် ဗီဒီယိုလေးနဲ့လဲ ဆောင်ရန်ရှောင်ရန်တွေနဲ့ မလုပ်သင့်တာတွေ မလုပ်ဖို့ သတင်းအမှားတွေကိုမယုံကြဖို့စတာတွေကိုလဲ ဗီဒီယိုလေးနဲ့အတူပြောပြလာခဲ့ပါတယ်။ ပရိသတ်အပေါင်း ကျန်းမာ ရွှင်လန်းကျပါစေနော်။

Snow(mcc)
Source – song oo hlaing ‘sfb

(Visited 189 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ