Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမေ့ ရဲ့ မျက်နှာသစ်ဆေးကို ကြိုက်လို့ိုပြီး လက်ဆေးပစ်တဲ့ နန္ဒာလှိုင်ရဲ့ သမီးငယ်လေးမဒီ

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ရပ်နားခဲ့တာဟာ ၁၁နှစ်ခန့်ရှိပြီဖြစ်ပြီး သူမကိုအားပေးတဲ့ ပရိသတ်တွေကတော့ ယနေ့အချိန်ထိ ရှင်သန်နေဆဲဘဲ ဖြစ်ပါတယ်။ သူမမှာ ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ရှိပြီး နန္ဒာနဲ့ အတူဆုံးသမီးလေးကတော့ အငယ်ဆုံးလေး မဒီပါ။ နန္ဒာလှိုင်ရဲ့ ပရိသတ်တွေကလဲ သမီးလေးမဒီကို သူမလိုဘဲ ချစ်ပြီး အားပေးဝန်းရံခဲ့ကြပါတယ်။

ယနေ့မှာလဲ သမီးလေးမဒီရဲ့ အပြုအမူကြောင့် အမေဖြစ်သူရီရမလို ငိုရမလို ဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကတော့ သူမရဲ့ သမီးလေး မဒီက သူ့ရဲ့ မျက်နှာသစ်ဆေးကို လက်ယူဆေးလိုက်လို့ပါတဲ့ ။ သူမပြောပြခဲ့တာကတော့ “ အောင်မြတ်လေး ကုန်ပါပြီတော် ဒါဘာလုပ်နေတာလဲဆိုတော့ လက်ဆေးနေတာလေ တဲ့ အဲဒါမေမေ့မျက်နှာသစ်တဲ့ဆပ်ပြာလေ ဆိုတော့ မဒီကြိုက်လို့လေ တဲ့” ဆိုပြီး ပုံလေးတွေနဲ့အတူ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

အကယ်ဒမီ နန္ဒာလှိုင်ဟာ အမျိုးသမီးတွေအတွက် အလှကုန်ဆိုင်တစ်ဆိုင် ဖွင့်လှစ်လိုက်ပါတယ်။ သူမဟာ မိန်းကလေး တစ်ယောက်ဖြစ်တာကြောင့် အလှအပ ကိုသဘောကြတာကြောင့် စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တယ်လို့လဲ သိရပါတယ်။ သူမက Missha ဆိုတဲ့ အလှကုန်ပစ္စည်းတစ်ခုကို မြန်မာပြည်ရဲ့ တစ်ဦးတည်းသော ကိုယ်စာလှယ်အဖြစ် လုပ်ကိုင်နေတာလဲ ဖြစ်ပါတယ်။ သူမကနောက်ပိုင်းမှာတော့ အလှကုန်ဆိုင်ခွဲတွေကို များစွာဖွင့်လှစ်သွားဖို့ ရှိတယ်လို့လဲ သိရပါတယ်။

နန္ဒာလှိုင်တို့မိသားစုဟာ စီးပွားရေးကို အဓိကထားလုပ်ဆောင်တဲ့အပြင် ဘုရားတည်ကျောင်းဆောက် လုပ်ငန်းတွေကိုလဲ လုပ်ဆောင်နေတာကို တွေ့မြင်ရမှာပါ။ ချစ်တဲ့ ပရိသတ်ကြီးက နန္ဒာတို့သားမိတွေကိ ဆက်လက်ချစ်ခင်အားပေးကြပါဦးနော်။

Source – Nandar Hlaing’sfb

(Visited 25977 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ