Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမေ့ကို ဂါရဝ ထားပြီးကန်တော့ခဲ့တဲ့ ချမ်းချမ်း

ပရိသတ်တွေချစ်တဲ့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကြားမှာ ယနေ့အချိန်ထိ အောင်မြင်နေတဲ့ အဆိုတော်ချမ်းချမ်းဟာ ခရစ်ယာန် ဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ဦး ဖြစ်ပေမယ့် ဗုဒ္ဓဘာသာရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုကို သူမလုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒါကတော့ သီတင်းကျွတ်အချိန်အခါမှာ သက်ကြီးဝါကြီး မိဘ ဆရာသမားတွေကို ဂါရဝ တရားရှေ့ထားပြီး ကန်တော့ကြတဲ့ အလေ့အထလေးကို ချမ်းချမ်းကပြုလုပ်ခဲ့ပါတယ်။

သူမက ” ဒီနေ့ အမေ့ကို ကန်တော့ဖြစ်တယ်…ဘဝမှာကိုယ့်ကိုမွေးပေးခဲ့တဲ့အချိန်ကစပြီး..ကိုယ်မိခင်ဘဝပြန်ရောက်တဲ့အချိန်အထိ အမြဲတမ်းကာကွယ်ကူညီစောင့်ရှောက်ပေးခဲ့တဲ့အမေ…မြေးတွေအတွက်အမြဲမညီးညူပဲ သားသမီးတွေကိုမိန်းမကောင်းပညာတတ်တွေဖြစ်အောင် သင်ပေးတဲ့အမေ..”

“ပကာသနမမက်တဲ့အမေ..နားကပ်ဝယ်ပေးရင်တောင် ပြန်လှူတန်းတတ်တဲ့အမေ..အသက်ရာကျော်ရှည်ပါစေ..တောင်ကြီးအပြန်အမေကြိုက်တဲ့အစားအစာတွေနဲ့ ငွေသားကန်တော့ခဲ့တယ်..အဖေအိမ်မှာဒီနေ့မရှိလို့ မနက်ဖြန် မှပြန်လာကန်တော့မယ်နော် အဖေ..မနေနေကိုလဲ ကန်တော့ခဲ့တယ်..ကျမချစ်ရသောတူတူမများနဲ့ပျော်ခဲ့ရတယ် ” လို့ ဆိုပြီး ပုံလေးတွေနဲ့အတူ အမှတ်တရစာသားလေးရေးသားခဲ့ပါတယ်။

ချမ်းချမ်းဟာ ဘာသာရေးအပေါ် အယူသီးချင်းမရှိဘဲ အခက်အခဲကြုံနေတဲ့ နေရာတိုင်းကို အလှူအတန်းတွေလဲပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို စဥ်ဆက်မပြတ်ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမဟာ သမီးလေးနဲ့အတူ Single Mom အဖြစ်ကြိုးစားရပ်တည်နေသူလဲဖြစ်ပြီး သမီးအတွက် စံပြမိခင် တစ်ယောက်လဲ ဖြစ်ပါတယ်။

ချမ်းချမ်းရဲ့ပရိသတ်တွေအတွက် ကြည်နူးစရာ အကြောင်းအရာလေးကို ရေးသားဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)

(Visited 5092 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ