Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမေဖြစ်သူ ရေးဆွဲထားတဲ့ ပုံတူပန်းချီကား အပေါ်ပြတ်ပြတ်သားသား ဝေဖန်လိုက်တဲ့ အိန္ဒြာကျော်ဇင့် သမီးလေး

ပရိသတ်တွေချစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ အန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံတင်မကဘဲ အနုပညာတစ်ခုဖြစ်တဲ့ ပန်းချီရေးဆွဲရာမှာလဲ ထူးချွန်သူတစ်ယောက်ဖြစ်နေတာကိုတွေ့ရမှာပါ။ သူဟာ ရှု့ခင်းပုံတွေကို အသက်ဝင်အောင်ရေးဆွဲတက်သလို သူ့သမီးလေးရဲ့ ပုံတူပုံချီကိုလဲ ရေးဆွဲခဲ့ကာ သမီးလေးရဲ့ အားပေးချီးကျူးစကားကို ခုလိုဘဲပြောပြလာခဲ့ပါတယ်။

သူက ပန်းချီရေးဆွဲခဲ့တာနဲ့ ပတ်သက်ပြီး ” Stayhome ကာလမှာ ဝါသနာပါရာလေးလုပ်ဖြစ်နေတဲ့ မတ်မတ်အွဲ😁ကိုယ်ကြိုက်တဲ့ ပုံလေးတွေ တွေ့ရင် , ရှုခင်းလေးတွေ တွေ့ရင် ရိုက်ပြီးသိမ်းသိမ်းထားတတ်တယ်, ပြီးရင် ပန်းချီပြန်ရေးဖို့အတွက်.. ခုရေးထားတဲ့ ပန်းချီလေး တစ်ချို့ကို ပိတ်သတ်တွက် အမှတ်တရတင်ပေးလိုက်တယ်နော်…” လို့ ဆိုကာရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သမီးဖြစ်သူရဲ့ အားပေးသံကိုလဲ ” အူဝဲရဲ့ လက်ရာကိုတော့ မရီနဲ့နော်, ကြိုးစားဆဲသူမို့….😬 မယ်သုပုံလေး ပုံတူရေးကြည့်တာ မယ်သုကတော့ အားပေးတယ် အမေကို,မတူဘူးချည်းပဲ ပြောတာ….🤣🤣🤣” လို့ ဆိုကာ သမီးဖြစ်သူရဲ့အားပေးပုံ ကို ခုလိုဘဲ ပြောပြခဲ့ပြန်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကမှာ ယနေ့ချိန်ထိ ပရိသတ်အင်အားတောင့်တင်းစွာနဲ့ ရပ်တည်နေနိုင်တဲ့ မငသမီးတစ်လတ်ပါနော်။ သူ့မှာ သားတစ်ယောက်သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားရသလို ပျော်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကိုလဲ အမြဲလိုလိုချပြလေ့ရှိပါတယ်။

ချစ်တဲ့ ပရိသတ်ကြီးက အူဝဲရဲ့ပန်းချီကားလေးတွေကို လဲ အားပေးလိုက်ကြပါအုံးနော်။ သူကတော့ ဆက်လက်ကြိုးစားပါအုံးမယ်တဲ့ ။

Snow(mcc)

(Visited 10860 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ