Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမေနဲ့ပတ်သက်ပြီး သူခံစားမိတဲ့ မိခင်စိတ်ကို ​ပြောပြလာတဲ့ မအေးသောင်း

ပရိသတ်တွေရဲ့ ရင်ထဲကို တစ်ကြော့ပြန်ဝင်ရောက်လာခဲ့ပြီး အားလုံးသော ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်လာခဲ့တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ ယခုနောက်ပိုင်း ရုပ်ရှင်ကားကြီးတွေလဲ ရိုက်ကူးလာရသလို ဇာတ်လမ်းတွဲတွေကြော်ငြာတွေမှာလဲ တွေ့မြင် လာရပါတယ်။ ယနေ့မှာတော့ သူမက မိခင်နဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။

အဲ့ဒါကတော့ ” မနက်က အမေ့အကောင့်မှာ အမေရေးထားတာလေးတွေ့ပြီး စိတ်မကောင်းဖြစ်မိ😪 တခါတလေ အလုပ်တွေလောဘကြီးမိလို့ အိမ်ကိုပစ်ထားသလိုဖြစ်နေမိပြီလား လို့ တွေးမိတယ်လေ။ ကိုယ်သာ မိခင်တစ်ယောက်ဖြစ်လာရင်အမေ့လိုပဲ……အခုလို😪😪😪”

” အမေလေ အဲ့ဒီချိန်က အမေသားသမီးတွေကို အမေဖက်တွယ်ထားတယ်။ အဲ့‌ဒီချိန်ကအမေ့သားသမီးတွေမျက်ရည်ကို အမေသုပ်ပေးခဲ့တယ်။ အဲ့ဒီချိန်ကအမေ့သားသမီးတွေကို အမေပဲကျောင်းပို့ပေးခဲ့တယ်”

” အဲ့ဒီ‌ချိန်ကအမေ့သားသမီးတွေကို အမေကျရာလုပ်ကျွေးခဲ့တယ်။ အဲ့ဒီချိန်ကအမေ့သားသမီးတွေကို အမေပျော်ရွှင်စေခဲ့တယ်။ အဲဒီချိန်ကအမေ့သားသမီးတွေကို အမေ့အိမ်ထဲအမေ့အရိပ်အောက်မှာ နွေးထွေးစေခဲ့တယ်။ အဲ့ဒီချိန်ကအမေ့အိမ်ရှေ့သစ်ပင်ရိပ်မှာ အမေ့သားသမီးတွေ အမောဖြေနေတာကို
အမေကျေနပ်ပြီးကြည့်နေဘူးတယ်”

” ခုလေ အမေအသက်အမေ့အရွယ်အရ အမေဟာအရိပ်တခုအောက်မှာနွေးထွေးနိုင်ပါ့မလားလို့ တွေးရင်းတွေးရင်းအိပ်ပျော်သွားတယ်။ (အမေ့အိမ်မက်မက်နေတာလား) အမေဆိုတာသည်းခံခွင့်လွှတ်တတ်တဲ့ အနုပညာဟာမွေးရာပါ ပညာတခုပါဘဲ” လို့ဆိုကာ သူကပြောပြလာပါတယ်။

အမေကိုချစ်တဲ့ သားသမီးတွေအနေနဲ့ သူမနဲ့ခံစားချက်ခြင်း တူညီကြလိမ့်မယ်ထင်ပါတယ်။ ဘယ်လိုတွေအလုပ်များနေပါစေ မိသားစုကို အချိန်ပေးနိုင်အောင်ကြိုးစားကြပါနော်။

Snow(mcc)

(Visited 1279 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ