Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမေစုပေးတဲ့ ဆုကိုရလို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

ပြည်သူအများရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ Mask ပြိုင်ပွဲဟာ ပါဝင်ယှဥ်ပြိုင်သူ ၂၁၁၂၀ ဦး ရှိခဲ့ပြီး အဆိုပါ ယှဥ်ပြိုင်သူ တွေထဲကမှ ၁၂ဦးကို ဆုရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဆုရှင်တွေထဲမှ ပထမဆုကို Eric Yang ၊ ဒုတိယ ဆုကို ဒီဇိုင်နာမျိုးမင်းစိုး နဲ့ တတိယဆုကိုတော့ ဝေဝေ တို့က ရရှိခဲ့ပါတယ်။

ဒုတိယဆု ရခဲ့တဲ့ ဒီဇိုင်နာ မျိုးမင်းစိုးက “ယခုလို အရမ်းကိုပျော်ရွင်ကျေနပ်မေ့မရပါသောနေ့လေးတနေ့ Designer တစ်ယောက်ဖြစ်တာမို့ရယ်အခုလိုအချိန်အခါမှာ ပြည်သူတစ်ယောက်အနေနဲ့ပူးပေါင်းပါဝင်ခွင့်ရတာရယ် ကိုယ့်ကိုချစ်ခင်စွာမေတ္တာနဲ့ likeပေးကြတဲ့တဦးတယောက်ချင်းဆီကိုရင်ထဲကတကယ်ကိုကျေးဇူးအထူးတင်ရပါတယ်🙏🙏🙏ဘဝမှာအများအကျိုးဖြစ်စေမဲ့အောင်မြင်မှူမျိုးရပါစေဆိုတဲ့ အမေစုပေးတဲ့ဆုလေးပြည့်ပါရစေ🙏🙏🙏” လို့ဆိိုကာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ပထမဆုရရှိခဲ့တဲ့ Eric Yang က”🙏🙏🙏အမေစုရဲ့မေတ္တာကိုအဝေးကနေနေ့တိုင်းခံယူနေတဲ့အဝေးရောက်သားတယောက်ပါ🌺🌺🌺အမေစုရဲ့အနိူင်းမဲ့မေတ္တာနဲ့ပြည်သူတွေအားလုံးရဲ့ချစ်ခြင်းဂရုဏာကြောင့်အတူတူရတဲ့ဒီပထမဆုကိုသားအမြဲတန်ဖိုးထားအမှတ်ရနေပါမည်🌺🌺🌺ကျွန်တော်ချစ်သောအမေစုနဲ့မြန်မာပြည်သူပြည်သားအားလုံးကိုရင်ထဲကလိူက်လိူက်လှဲလှဲကျေးဇူးအထူးတင်ပါသည်🙏🙏🙏” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

ဒီ Mask ပြိုင်ပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ အမေစုက  ကျန်းမာရေး အတွက် maskတပ်တဲ့အလေ့အထကိုအားပေးရင်းနဲ့ တစ်ဘက်ကလည်း၊ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးအနေအထားကိုကြည့်ရပါသေးတယ်။ အတွက်အချက်တော်တဲ့ ကျွန်မတို့ ဝန်ထမ်းတွေကထောက်ပြပါတယ်၊ ကျွန်မတို့ လူဦးရေရဲ့ (၂၅%)က၊ အလုပ်သွားရက်၊ တစ်လ (၂၂)ရက်မှာ နေ့စဉ်၊ တစ်ခါသုံး mask တစ်ခုသာသုံးတယ်ထားအုန်း၊ တစ်လကိုmaskဖိုးက စုစုပေါင်း အမေရိကန်ဒေါ်လာ (၆၃.၃)သန်းဖြစ်ပါတယ်။ ဒါကြောင့် ထပ်တလဲလဲ သုံးလို့ရတဲ့အဝတ် mask ကလေးတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးရေးအတွက်ကူညီပေးတဲ့ပြိုင်ပွဲဝင်များဟာ ပြည်သူ့ကျန်းမာရေးသာမက၊ နိုင်ငံ့စီးပွါးရေးကိုပါ အထောက်အကူ ပေးတယ်လို့ပြောနိုင်ပါတယ်။

Like အများဆုံးရသူတွေကိုရွေးရတာက ရှင်းရှင်းလေးဖြစ်ပေမဲ့အခြားအမျိုးအစားတွေကတော့ မလွယ်ပါဘူး။ ကြိုက်ချင်စရာ အများကြီးထဲက (၉) ခုသာရွေးရတာလေ။ ခုတော့ရွေးပြီးပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနကစပြီး စိစစ်ပါတော့မယ်။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကံကောင်းသူချည်းပါပဲ။ မေတ္တာ၊ စေတနာရဲ့အကျိုးကိုခံစားကြရမှာပါ လို့ ဆိုကာ လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

ဆုရရှိခဲ့တဲ့ သူတွေအတွက် ချစ်ပရိသတ်တွေက ဂုဏ်ပြုစကားလေးတွေ ပြောပြပေးခဲ့ပါအုံးနော် ။ ဖတ်ရူ့ပေးကြသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 4169 times, 5 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ