Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမေကြမ်းပြန်လာပါပြီ လို့ ဆိုတဲ့ ဖြူဖြူကျော်သိန်း

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကြားမှာ အရမ်းကို ဟစ်ဖြစ်ခဲ့တဲ့ ဖြူဖြူကျော်သိန်းဟာ မြန်မာနိုင်ငံရဲ့ လေဒီဂါဂါလို့ တင်စားခံရလောက်အောင်ကို ဖက်ရှင်တွေကအရမ်းလန်းခဲ့ပါတယ်။ သူမဟာ ခေတ်ရှေ့ပြေးတဲ့ဖက်ရှင်တွေနဲ့ ပရိသတ်တွေစိတ်ဝင်စားအောင် အမြဲ ဖန်တီးလေ့ရှိပြီး သူမရဲ့ဖက်ရှင်တိုင်းကိုလဲ ပရိသတ်တွေက အရမ်းသဘောကြခဲ့ကြတာပါ။

သူမက မကြာသေးခင်ရက်ပိုင်းကတူမလေးရှိတဲ့ပြည်ပကိုရောက်ရှိနေခဲ့ပြီး ယနေ့မှာတော့ပြန်လာပြီလို့ဆိုကာ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လေယာဉ်ပေါ်မှာ သူငယ်ချင်းအသစ်တစ်ယောက်ရရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုလဲ ရေးသားခဲ့ပါသေးတယ်။

သူမရေးသားခဲ့တာကတော့ ” ပြန်လာပြီလေ😊…
လေယာဉ်ပေါ်တစ်ညလုံးမအိပ်ပဲရုပ်ရှင်ကြည့်လိုက်😁 ဘေးခုံကသူငယ်ချင်းအသစ်နဲ့စကားတွေပြောလိုက်😁
ဘန်ကောက်ရောက်တော့မျက်တွင်းလေးကိုချောင်ကျလို့😂 ဒါတောင်ခုလိုသတ္တိရှိရှိရူပါဒါနပြုရဲသေးတာနော်😉ကဲကဲ…အားလုံးပဲရှောင်ကြရှားကြ…အမေကြမ်းပြန်လာပြီလို့!🤣” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းဟာ လက်ရှိ ရုပ်သံလိုင်းတွေမှာပြသနေတဲ့ မြန်မာအိုက်ဒေါ Season 4ရဲ့ ဒိုင်တစ်ဦးအနေဖြင့်လဲ ပါဝင်ထားတာကိုတွေ့မြင်ရမှာပါ။ ဖြူဖြူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကို ရေးသားဖော်ပြလိုက်ပါတယ်။

Source – phyu phyu kyaw thein’sfb

(Visited 705 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ