Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမိုက်စား ဖက်ရှင်နဲ့ ၀တ်မှုံရွှေရည်

ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ ပွဲတက်ဖက်ရှင်တွေတိုင်းမှာ နေရာဒေသပေါ်မူတည်ပြီး လိုက်ဖက်ညီအောင် ပြင်ဆင်တက်တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာ သီရိဆွေရဲ့ သားလေး ၅နှစ်ပွဲကို အမိုက်စားဖက်ရှင်နဲ့ ပွဲတက်လာခဲ့ပါတယ်။ သူကဟာ မြင်သူတိုင်းကလည်ပြန်ငေးရလောက်တဲ့ ဖက်ရှင်မျိုးကို ဆင်မြန်းလေ့ရှိပြီး ယခုဝတ်ဆင်ထားတဲ့ဖက်ရှင်ကလဲ လူအများကြားမှာထူးထူးခြားခြား နဲ့ အမိုက်စားဖြစ်နေပါတယ်။

သူမက ရောက်လေရာမှာ ဓာတ်ပုံရိုက်တက်ပြီး သူမဓာတ်ပုံဝါသနာပါပုံကို ခုလိုပြောပြထားပါတယ် ။ ဝတ်မှုံရွှေရည်က ” သားသား Ethan’s LEGO LAND မွေးနေ့သွားရင်း ဓာတ်ပုံမရိုက်ရင်မနေနိုင် ပိုး နဲ့ သက်သက်သွားရိုက်ပလိုက်တယ်လေ သိပ်မရိုက်ရဘူးဆိုတော့ 😊☺😇Group ပုံလေးတွေထပ်တင်အုံးမှာနော် 😍” လို့ဆိုပြီး သူ့ရဲ့အလှဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြခဲ့ပါတယ်။

သူမ က ကြော်ငြာတွေလဲ များစွာရိုက်ကူးရသလို ရုပ်ရှင်ကားတွေလဲ များစွာ ရိုက်ကူးပြီးအောင်မြင်နေတဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး အကယ်ဒမီ ၂ဆုပိုင်ရှင်လဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကိုချစ်တဲ့ ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ချစ်တဲ့ ပ ရိသတ်တွေက မျှဝေပေးသွားကြပါဦး။

Snow(mcc)

(Visited 1023 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ