အမိုက်စားဖက်ရှင်တွေနဲ့ ဆက်တိုက်ဂေါ်နေတဲ့ နေခြည်ဦး

ပရိသတ်တွေရဲ့ စက္ကန့်နဲ့အမျှ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် Beauty Blogger မလေး နေခြည်ဦးဟာ လက်တစ်လောမှာတော့ ပဲရစ်မြို့ကိုရောက်ရှိနေပြီး အမိုက်စားပုံစံတွေနဲ့ လန်းနေတာကို တွေ့ရပါတယ်။သူမက သူမရဲ့ ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုကို မက်ခွင့်ရလိုက်တာမို့ ဝမ်းသာပီတိ ဖြစ်နေပြီး သူမသွားရောက်လည်ပတ်ခဲ့ပုံတွေ နဲ့ ပွဲတက်ခဲ့ပုံတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလာခဲ့ပါတယ်။

သူမပြောပြခဲ့ပုံကတော့ ” ပဲရစ်လို့ပြောလိုက်ရင် ငယ်စဉ်ကတော့ City of Light ဖြစ်တဲ့ စိတ်ကူးယဉ် အိမ်မက်မြို့တော်ကြီး… ခုတော့ နေခြည့်အတွက် အိမ်မက်တွေကို ဖြည့်ဆည်းပေးနေတဲ့ ပဲရစ်မြို့တော်ကြီးပါ ။ Paris မှာတော့ နေခြည် နှစ်ညအိပ်ပြီးပြီ။ Story တွေမှာ တွေ့နေတဲ့အတိုင်းပဲ shopping တွေသွားဖြစ်တယ်။ 🛍️🛍️ နေခြည် brand တချို့နဲ့ meeting လေးတွေလည်းတစ်ဖြတ်ပေါ့ ။ ဟိုတစ်ဖြတ် ဒီတစ်ဖြတ်နဲ့တင် activity လေးတွေ အတော်တော့များနေပြီ။ 😅 ”

” မနေ့ကတော့ နေခြည် Paris Fashion Week ရဲ့ နေခြည့် schdule ထဲကတစ်ခုအနေနဲ့ ပြင်သစ် luxury brand တစ်ခုဖြစ်တဲ့ Roger Vivier ရဲ့ SS20 show ကိုသွားဖြစ်ခဲ့တယ် ။ နေခြည့် Fan တွေကတော့ နေခြည် ဒီ brand ကို ဘယ်လောက် ရူးသွပ်မှန်း သိကြမှာပါ ။ 🥰🥰🥰 သူက တော်ဝင်မင်းသမီးတွေရဲ့အကြိုက် brand တစ်ခုလို့ ပြောကြတယ် ။ Queen Elizabeth II ရဲ့ နန်းတက်ပွဲမှာလည်း Roger Vivier ကိုပဲ စီးခဲ့တာပါ။ သူ့ရဲ့ elegant design တွေကြောင့် တော်ဝင်မင်းသမီးတွေ လက်စွဲဖြစ်နေတာလို့ နေခြည် ထင်တယ်။ မှတ်မှတ်ရရ နေခြည်ရဲ့ အကယ်ဒမီပွဲတက်တုန်းကလည်း Roger Vivier ပဲစီးခဲ့တယ်။ 👠👠 ”

” ပွဲကတော့ brand ရဲ့ creative director ဖြစ်တဲ့ Gherardo Felloni ရဲ့ စိတ်ကူးစိတ်သန်းအတိုင်း theater တွေ၊ musical တွေလိုမျိုး fantasy ဆန်ဆန် ပြုလုပ်သွားခဲ့ပါတယ်။ သူရဲ့ ပွဲတွေက တခြားပွဲတွေထက် ထူးခြားတာတစ်ခုက မနှစ်ကစပြီး Hotel Vivier ဆိုတဲ့ theme နဲ့ပေါ့နော်။ 🏨🏨2018 ခုနှစ်မှ စပြီး creative director အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ Gherardo Felloni ဟာ သူ့ရဲ့ပထမဆုံး Roger Vivier SS19 collection က စတင်ပြီး Hotel Vivier ဆိုတဲ့ concept တစ်ခုနဲ့ ပြုလုပ်ခဲ့တာပါ ”

” သူ့အယူအဆအရဆိုရင် ဟိုတယ်တစ်ခုမှာ ဘယ်သူမှအကြာကြီး မနေထိုင်ကြဘူး။ ဒါပေမယ့် ဟိုတယ်တွေကို လူတိုင်းလာတည်းခိုနိုင်တယ်။ ဒီနေ့ခေတ်ဆိုရင် ပိုလို့တောင်ခရီးသွားကြတဲ့အတွက် ဟိုတယ်တွေဟာ လူတိုင်းအတွက် ကြိုဆိုလျက်ပဲ။ အမြဲသက်ဝင်လှုပ်ရှားနေတယ်။ ဒါကြောင့် ဖိနပ်တွေကို ဒီလိုသက်ဝင်လှုပ်ရှားပြီး လူတွေအမြဲဝင်ထွက်နေတဲ့ နေရာမှာ မြင်တွေ့ရတာ သဘောကျတဲ့အတွက် စဉ်းစားမိရာကနေ Hotel Vivier လို့ ဖြစ်လာတာပါတဲ့။ Hotel Vivier ဟာ Paris တင်မကပဲ New York နဲ့ Los Angeles မှာပါ ကျင်းပပါတယ် ”

” အပြင်အဆင်ပဲပြောင်းတယ် ဆိုပေမယ့် Hotel Vivier theme နဲ့ပဲ သွားနေတာဆိုတော့ နောက်လည်း ဒီ theme ကိုပဲ ဆက်သုံးသွားရင်း အပြင်အဆင်တွေပြောင်းပြီး လုပ်သွားမလားဆိုတာကတော့ ရင်ခုန်စွာပဲ စောင့်ရမှာပေါ့နော် ။ 🤩🤩 ခုSS2020 မှာဆိုရင် Hotel Vivier ကို ရောက်ပြီး ဝင်လာတာနဲ့ Reception တစ်ခုက စောင့်ကြိုနေပါတယ်။ ပန်းရောင်စိုစိုကို လှိုင်လှိုင်သုံးထားတာကြောင့် နေခြည်တို့မိန်းကလေးတွေတိုင်းအတွက် Barbie အိမ်လေးလို့တောင် ခံစားသွားစေမှာပါ။ 💖 ”

” ဟိုတယ်လို အပြင်အဆင်နဲ့ကိုမှ ဒီတစ်ခေါက်မှာဆိုရင် musical theater setting, cheerleaders တွေနဲ့ locker room, beauty pageants, ballerina တွေ ဒီလိုမျိုးမတူညီတဲ့ခံစားမှုတွေနဲ့ တင်ဆက်သွားခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် celebrities တွေ၊ blogger တွေလည်း အမြဲတက်ရောက်ပါတယ်။ Kate Moss ရဲ့ ညီမဖြစ်တဲ့ Lottie Moss ၊ Supermodel CoCo Rocha တို့တွေအပြင် Aimee Song တို့လည်း တက်ရောက်ခဲ့တဲ့ Hotel Vivier ပွဲလေးက နေခြည့်အတွက်တော့ မကြုံဖူးတဲ့ experience တစ်ခုပါပဲ။ 😻💕”

” ကိုယ့် idol တွေကို အပြင်မှာတွေ့ပြီး စကားတွေပြော၊ ဓါတ်ပုံရိုက်ကြတဲ့ ခံစားချက်ကိုတော့ သိကြတယ်ဟုတ် ?? အချိန်လေးအားလိုက်တာနဲ့ကို စာတွေစီပြီး update တွေ၊ experience တွေshare ပေးနေတာပါနော် ။ 😗😗😗 ကဲပြော… တစ်ဘဝလုံးစာသာ နေခြည်ကိုသာ အချစ်တွေပေးလိုက်ပါတော့။ 🥰 အားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင့် ချစ်တဲ့ ❤️❤️ ပဲရစ်ရောက် ရန်ကုန်သူလေး နေခြည် ” လို့ ဆိုကာ အားကျနှစ်သက်ဖွယ်ရာ ပြောပြခဲ့ပါတယ်

ချီချီ့ကိုချစ်တဲ့ ပရိသတ်တွေက သူ ဘယ်ဝတ်စုံနဲ့လိုက်ဖက်အညီလဲဆိုတာ ပြောပြခဲ့ပါတယ်။

Source – beauty by nay chi’sfb

(Visited 24178 times, 7 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ