Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမာခံပရိသတ်တစ်ဦးကပြောပြလာတဲ့ နေထူးနိုင် အကြောင်း

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းသားနေထူးနိုင်ဟာ ဖိုက်တင် ဇာတ်လမ်းတွေနဲ့ နယ်ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်တဲ့ မင်းသားတစ်လတ်ပါ။ နေထူးနိုင်ဟာ ဗီဒီယို လောကပျက်ဆီးနေချိန်မှာတော့ ဗီဒီယိုလောကပြန်လည်ဦးမောနိုင်ဖို့အတွက်ကိုလဲ အစွမ်းကုန်ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ယခုအခါမှာတော့ သူ့ကိုချစ်တဲ့ ပရိသတ်တစ်ယောက်က သူ့အကြောင်းကို တွင်တွင်ကျယ်ကျယ်ပြောပြလာတယ်။

အဲ့ဒါကတော့ ” နေထူးနိုင် တဲ့ သူ့အကြောင်းတွေ ရေးပြရရင်အများကြီးဗျ ရေနံချောင်းသား တွင်းကုန်းဇာတိ ရေနံချောင်းဒီဂရီကောလိပ်ကနေဘွဲ့ရခဲ့တယ်ကိုယ့်ဒူး ကိုယ်ချွန်ပြီး အောင်မြင်တဲ့မင်းသားတယောက်ဖြစ်ခဲ့တယ်။ သူ့ဇာတ်ကားတွေရဲ့ locationတော်တော်များများက ရေနံချောင်းမြို့ကိုအခြေတည်တယ်။ ရေနံချောင်းမြို့ရဲ့အလှအပတွေ ကို TVဖန်သားပြင်ကနေ တနိုင်ငံလုံးသိအောင် ကြိုးစားပြနေတယ်”

“မှတ်မိသေးတယ် မကွေးမှာတက္ကသိုလ်တက်ချိန် မြစ်အနောက်ဘက်က သူငယ်ချင်းတွေနဲ့ခင်တော့ သူ့ဇာတိ ကိုယ့်ဇာတိ အပြန်အလှန် မိတ်ဖွဲ့ရင်း ကိုယ်တွေ ရေနံချောင်းဇာတိမှန်းသိရော မင်းသားနေထူးနိုင် မြို့ကပဲ တဲ့ သူတို့နယ်တွေဘက်မှာ မင်းသားကားတွေ ဆို ရုံပြည့်ရုံလျံ အားပေးကြတာတဲ့ ဘာလို့လည်းလို့ မေးကြည့်တော့ သူ့ဇာတ်ကားတွေက မိသားစု အကုန်ကြည့်လို့ရတယ် အောက်လုံးမပါဘူးတဲ့ ဗဟုသုတ ဖြစ်စရာ တွေးစရာတခုခုကျန်ခဲ့တယ်တဲ့ တယ်ဟုတ်ပလားပေါ့ အမှန်ပြောရရင်အဲချိန်အထိ သူ့ကားတွေ ကောင်းကောင်းမကြည့်ဘူးသေးဘူး မြစ်အနောက်ဘက်တကြောက သူ့ဖန်တွေ ပေါမှပေါ
မင်းသူ့ကိုသိလားတဲ့ ငါနဲ့တရပ်ကွက်ထဲပဲလို့”

“နောက် ဆည်မြောင်းမှာ အလုပ်စလုပ်တော့ တာဝန်ကျတဲ့နေရာကလည်း အဝေးကြီးခုခေတ်လိုinternetကလည်းမဖွံ့ဖြိုး သူငယ်ချင်းတတွေ ညရောက်ရင် သူ့ဇာတ်ကားတွေ ဌားကြည့်တော့တာပဲ ဇာတ်ကားထဲက နေရာလေးတွေ ကြည့်ရင်း ဒါက ငါတို့မြို့ကဘယ်နေရာလေးဆိုပြီး အလွမ်းဖြေခဲ့ရတယ် ။ နောက်တခါ သူ့ကိုinterviewရင် ပိုက်ဆံပေးရမယ် ဆိုပြီးmediaကနေအတိအလင်းကြေညာတော့ ပွက်လောရိုက်ခဲ့တာမှတ်မိသေးတယ်”

“တပတ်မှာတရက် မိသားစုကို ရောက်ရာအရပ်ကပြန်ပြီး ကရုစိုက်တက်သေးတယ် မိန်းမအပေါ်လည်း အရမ်းချစ်တက်သူကြီးပေါ့(ရေနံချောင်းသားတွေကအရမ်းချစ်တက်ကြတယ်😁) Videoလောကကြီးပျက်ဆီးနေချိန် ရအောင်တောင့်ခံတယ်နယ်တွေ ကိုယ်တိုင်ဆင်းပြီး videoလောက ပြန်လည်ဦးမော့လာအောင် ကြိုးစားနေတာတွေလည်းမြင်နေရတယ် သူ့ကို မှီခိုနေရတဲ့ မိသားစုအနည်းဆုံး၆၀-၈၀ ကြားရှိတယ် သူတို့တွေ စားဝတ်နေရေးအတွက် ကြိုးစားပေးနေရတာတဲ့ interviewတခုမှာ ဖြေတာကြားဘူးလိုက်တယ်”

“မြန်မာပြည်မှာ ရေကြီးရေလျှံဖြစ်တော့ အများသူဌာ ရေဘေးသင့်ပြည်သူတွေအတွက်အစားအသောက်တွေ အဝတ်အထည်တွေ လှူဒါန်းနေချိန် သူ့အတွေးအခေါ်ကအများနဲ့မတူပြန်ဘူးရေဘေးသင့်ဒေသက ကျွဲ တွေ နွားတွေ အတွက်အစား အသောက် တွေ လှူနေပြန်ရော နောက်မန္တလေးဘက်မှာ တာဝန်ကျတော့ ကျောက်ဆည်က ညီတယောက်နဲ့ ခင်တယ် သူကနေထူးနိုင် ဖန် အကြီးစားကြီးဗျ ခုခေတ်ပေါ်နေတဲ့မင်းသားတွေကိုမကြိုက်ပဲ ဘာလို့သူ့ကိုကြိုက်တာလည်း မေးကြည့်ဘူးတယ်သူ့ကားတွေမှာ မောင်နဲ့အမိသားနဲ့နှမ မကြားဝံ့မနာသာတွေမပါဘူး ဗဟုသုတ ဖြစ်စရာတွေပါတယ်တဲ့ အောက်လုံးမသုံးဘူးတဲ့ စရိုက်တဲ့ကားတွေကသာကလေးကားတွေ များပေမယ့်နောက်ပိုင်းရိုက်တဲ့ကားတွေ မှာ တော်တော်လေးကောင်းတယ်ဆိုပဲ ကိုယ်တွေကမြန်မာကားသိပ်မကြည့်ဖြစ်တော့ အလှမ်းမမှီပါဘူး”

“ဟော ရာသီဥတုပူပြင်းလို့ တနှစ်ထက်တနှစ်အပူချိန်မြင့်တက်လာချိန် အများသူဌာ ပန်ကာဝယ် airconတပ်ဖို့လုပ်နေချိန်မှာ မြန်မာပြည်ရဲ့အပူချိန်စံချိန်တင်တဲ့ ချောက်မြို့မှာ နေပူပူမှာ တောင်ကတုံးတွေအပေါ်သစ်ပင်စိုက်ဖို့ သူကြိုးစားတော့ ဝိုင်းဝန်းဝေဖန်သံတွေ ကြားရပြန်ရော ဘယ်အပင်မှမဖြစ်ထွန်းဘူးဆိုပြီး လှောင်ပြောင်သံတွေကို အလုပ်နဲ့သက်သေပြသွားတယ် ခုဆိုသစ်ပင်လေးတွေ စိမ်းစို လို့ နောက်၃နှစ်လောက်ဆို ချောက်မြို့အပူချိန် လျော့ချနိုင်ပြီ”

“နောက် Covidဖြစ်တော့လည်း ဇာတိမြေကို ပစ်မထားခဲ့ဘူးစက်မှု့ဇုန် မှာရှိတဲ့သူ့ရဲ့ရုပ်ရှင်ခြံ ကို အချိန်မရွေး အသုံးပြုပါဆိုပြီး လှူဒါန်းထားသေးတယ် တခြားလိုအပ်တာတွေရှိရင်လည်းပြောပါ သူကူညီပါမယ်တဲ့ သူ့ကိုချစ်တဲ့သူတွေကော မုန်းတဲ့သူတွေအတွက်ကော သူအများကြီးတော့ ပြောနေမှာ မဟုတ်ဘူးသူလုပ်စရာရှိတာ အကောင်းဆုံးလုပ်နေမှာပါ တောင်ကတုံးတွေကို သျှောင်များများထုံးနိုင်ပါစေကိုကြီး🙏🙏🙏” လို့ ဆိုကာ ပရိသတ် စိုးပိုင်ဦး ဆိုသူက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

နေထူးနိုင်က သူ့ အကြောင်းကိုရေးထားတဲ့ ပို့စ်လေးကို သူ့ဖေ့စ်ဘုတ်မှာမျှဝေရင်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ နေထူးနိုင်ကိုချစ်တဲ့ပရိသတ်တွေအနေနဲ့ သူ့အကြောင်းလေးတွေကို ထပ်ဖြည့်ပြီးပြောပြချင်တာတွေရှိရင် ရေးသားပေးခဲ့ဖို့ မမေ့ပါနဲ့နော်။

Snow(mcc)

(Visited 735 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ