Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းကို ပညာပေးလိုက်တဲ့ လင်းလင်း

လတ်တလောမှာဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး အနုပညာရှင်တွေကလဲ တက်စွမ်းသမျှ တစ်တက်တစ်အား ပါဝင်နေကြပါတယ်။ အဲ့ဒီထဲမှာ နေပြည်တော်ကအရမ်းကို ဟစ်ဖြစ်နေတဲ့ ဗစ်တိုးရီးယား လေးရဲ့ အမှုနဲ့ပတ်သက်ပြီး လင်းလင်းနဲ့ ချစ်သုဝေတို့ကအားသွန်ခွန်စိုက်ကူညီနေကြတာလဲ ဖြစ်ပါတယ်။ ယခုလိုအချိန်မှာ အမှုနဲ့ပတ်သက်တဲ့ ရဲတစ်ဦးက မီဒီယာတစ်ခုမှာ အမှုနဲ့ပတ်သက်တဲ့အကြောင်းအရာ တချို့ကိုဖြေကြားခဲ့ပြီး အမည်ဖော်ပြစေချင်းမရှိခဲ့ပါဘူး။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လင်းလင်း က ” အမည်မဖော်လိုသူ ရဲတစ်ဦးက မီဒီယာတစ်ခုကို ပြောတယ်ဆိုတာ တရားဝင်ပြောတာလား? တရားမဝင်ပြောတာလား? သိချင်တာ။ အဲဒီသတင်းအမှန်ဆိုရင် ပြောစရာတစ်ခုရှိတယ်။ အမည်မဖော်လိုဘူး အမည်မဖော်ရဲဘူး ဆိုရင် ခင်များ ‘ရဲ’ လုပ်မနေနဲ့လေ။ ပြီးတော့ ဒီအမှုက ‘ မရိုးစင်းဘူး၊ မလွယ်ဘူး ‘ လို့ အဲဒီအမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောတယ်ဆိုတော့ လွယ်သွားအောင် ကျွန်တော်အကြံပေးကြည့်မယ် ”

” မတရားလုပ်ခံလိုက်ရတဲ့ ဗစ်တိုးရီးယားလေးနေရာမှာ ခင်များ သမီးနဲ့အစားထိုးလိုက်လေ ” ။ ဒါဆို အရမ်းခက်ခဲနေတဲ့ဒီအမှုဟာ အရမ်းလွယ်ကူသွားလိမ့်မယ်။ ပြီးတော့ ဟိုးတလောက မန္တလေးစက်မှုနားမှာ သမီးလေးတစ်ယောက်ကို ဆိုင်ကယ်နဲ့တင်သွားပြီး မေမြို့အတက်နားမှာ လူမဆန်စွာမုဒိန်းကျင့်၊ သေမလိုလုပ်ထားခဲ့တဲ့ မုဒိန်းကောင်ကို ရက်ပိုင်းအတွင်း ဖမ်းပေးတဲ့ မန္တလေးကတာဝန်ရှိရဲဝန်ထမ်းတွေနဲ့ နေရာချိန်းမလား။ အမှုလဲ လိုတာထပ်ပိုကြာနေသလို အမည်မဖော်လိုတဲ့ ရဲ တစ်ဦးကြောင့် အခြားတာဝန်ရှိ ရဲ တွေပါရောပြီး သိက္ခာကျနေတာ ရှက်စရာကြီး” ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာ ရေးသားဖော်ပြထားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သမီးလေးနဲ့ ပတ်သက်ပြီး ” ကြိုက်တဲ့ရှေ့နေ ၊ကြိုက်တဲ့တာဝန်ရှိသူတွေနဲ့ ကြိုက်သလောက်ရက်ကိုဆွဲ။ ဒီအမှုပြီးတဲ့ထိစောင့်မယ်။ လင်းလင်း အမည်ဖော် ရေးသည် ” လို့လဲ တစ်ဆက်ထဲရေးသားဖော်ပြထားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးက သမီးလေးအတွက် အမှုမှန်ပေါ်ပေါက်ရေး၊ တရားခံ မှန်ကန်ရေး ဆုတောင်းပေးလိုက်ကြပါအုံးနော်။

Source – LinnLinn’sfb

(Visited 3731 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ