Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အဖြူအသင်း အနိုင်ရခဲ့တဲ့ အနုပညာရှင်တို့ရဲ့ ရန်ပုံငွေ ဘောလုံးပွဲ

ရေဘေးသင့်ပြည်သူတွေအတွက် အပျော်တမ်း ကစားခဲ့ကြတဲ့ အနုပညာရှင်တို့ရဲ့ရန်ပုံငွေ ဘောလုံးပွဲစဉ်ဟာ ပရိသတ်တွေကြားမကြေလည်မှုတွေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ပထမ ပိုင်းမှာ အပြာအသင်းကအနိုင်ရရှိနေပြီး ဒုတိယပိုင်းမှာတော့ အဖြူအသင်းဘက်က ခြေပိုသာခဲ့ပါတယ်။

ပထမပိုင်း ပွဲစချိန်မှာ တော့ အပြာအသင်းက ၂ဂိုးစတင်သွင်ယူခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီးမှာတော့ အဖြူအသင်းက ခြေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း မှာတော့ ဒုတိယပိုင်း ပွဲကိုစတင်ခဲ့ နောက်မှာတော့ နှစ်ဖက်စလုံးရဲ့ ကစားကွက်တွေဟာ ပထမပိုင်းလောက် ဆွဲဆောင်မှုမရှိတော့ပေမယ့် အဆုံးထိ အကောင်းဆုံးဖြစ်အောင် ကစားခဲ့ကြပါတယ်။

ဒုတိယပိုင်းပြီးဆုံးချိန်မှာတော့ အဖြူအသင်းက ၇ဂိုး နဲ့ အပြားအသင်းက ၇ ဂိုးရှိနေချိန်မှာ ပင်နယ်ဒီ ကန်ခဲ့ကြပြီး အဖြူအသင်းက ၁၀ ဂိုး ၉ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အဆုံးသစ်ရလဒ်က ပရိသတ်တွေနဲ့ ထပ်တူ မကျခဲ့ပါဘူး။ ဘောလုံးပွဲပြီးတဲ့ အထိ ပရိသတ်တွေ တောင်းတနေကြတာကတော့ အပြာအသင်းဂိုးသမားစိုင်းစိုင်းခမ်းလှိုင် ဖြစ်ပြီး ၊ တချိန်လုံးဂိုးရရှိရေး အတွက် လုံးပန်းနေတာကတော့ အဖြူအသင်းကထွန်းထွန်းပါနော်။

ဒီအကြောင်းအရာလေးကို ဘောလုံးပွဲ မကြည့်မိလိုက်သူတွေအတွက် ရေးသားဖော်ပြပေးခြင်းဖြစ်ပါတယ်။ မျှဝေပေးသွားဖို့ မမေ့ပါနဲ့နော်။

Source – 7 Sense ‘sfb page

(Visited 2345 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ