Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အဖေ့ကို နှစ်ရှည်လများဂရုစိုက်ရင်း အမေ့ကို သတိလက်လွတ်ဖြစ်ခဲ့မိတယ် လို့ရင်ဖွင့်လာတဲ့ လင်းဇာနည်ဇော်

ပရိသတ်တွေရဲ့ချစ်ခင်မှုနဲ့ မေတ္တာတရားတွေကိုအပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော် နဲ့ ဒါရိုက်တာမိုက်တီး တို့ မောင်နှမတွေဟာ မိခင်ဖြစ်သူအတွက်ပူဆွေးနေရချိန် ပရိသတ်ကြီးနဲ့ မိတ်ဆွေတွေကပေးတဲ့မေတ္တာကြောင့် အမေဖြစ်သူရဲ့ ခွဲစိတ်မှုအောင်မြင်ခဲ့တယ်လို့အသိပေးလာပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူ သက်ရှိထင်ရှားရှိနေစဥ်က ဖခင်ကိုသာ ဂရုစိုက်မိကြပြီး မိခင်အပေါ် လစ်ဟင်းခဲ့တာတွေကို လဲ ရင်ဖွင့်လာခဲ့ပါတယ်။

လင်းဇာနည်ဇော်က ” အဖေ နှစ်ရှည်လများအာရုံကြောရောဂါဖြစ်တော့ အဖေ့နားမှာတစ်အိမ်လုံး သည်းသည်းလှုပ်၊ အသည်းလေး; အဖိုးလေးနဲ့ !အဖေချောင်းတစ်ချက်ဆိုးတိုင်း ဘေးကကိုယ်တွေက “အဟင်း အဟင်း”လိုက်လုပ်ကြ ,အဖေအပေါ့သွားတိုင်း ရှူး… ရှူး…အလေး သွားတိုင်း ”အီ အီး’ အဖေ့ကို ပျော်အောင် ဟာသတွေလုပ်ပြပြီး ပျော်တော်ဆက်ကြ “

“အဖေ့ကိုလုဖက်ပြီးအိပ်ကြ။ အဲဒီ့ကာလတွေတုန်းက ကျန်းမာနေတဲ့ အမေ့ကို သတိလက်လွတ် ၊အဖေ့ကိုသာဝိုင်းအာရုံစိုက်ခဲ့မိကြတဲ့ အဖြစ်။ ဒါပေမယ့် အမေက တော့ ငါ့သားသမီးတွေရှိနေလို့ အမေအားရှိတာ။ သမီးတို့ အဖေ့ကိုပြုစုတာ အမေ့အတွက်ဖြည့်ဆည်းပေးတာနဲ့အတူတူပဲ တဲ့”

“ခင်ပွန်းအတွက် သားသမီးတစ်ယောက်ချင်းစီအတွက် ဒီအသက် အရွယ်အထိ မီးဖိုကို ပျော်ပြီး ဝင်နေတဲ့အမေ။ လုပ်ပေးရတာကို ကျေနပ်နေတဲ့အမေ။ အကို့ကြောင့်သောကတွေဝေခဲ့ရတဲ့ ကျမတို့ကို သနားရင်း၊ ဂရုဏာသက်ရင်း၊ လိုအပ်သမျှဖြည့်ဆည်းပေးရင်း အရာရာကို တရားနဲ့ဖြေတတ်တဲ့အမေ”

“အခုအမေ ဆေးရုံက ကုတင်ပေါ်မှာပါ ။ ဒီနေ့ ခွဲစိတ်မှု့အောင်မြင်ပါတယ် ။ အသားစယူပြီး အဖြေစောင့်ရအုန်းပါမယ်။ ဆက်ပြီးတော့ တော့ကုရပါအုန်းမယ်။ ဆုတောင်းပေးကြတဲ့မိတ်ဆွေများအားလုံးကို ရင်ထဲကနေ မဖော်ပြနိုင်လောက်အောင်ကျေးဇူး တင်ခြင်းများစွာနဲ့ အားလုံးရဲ့မေတ္တာတွေကြောင့် ကျမတို့မောင်နှမတွေလည်း အင်အားတွေတိုးရပါတယ်လို့” ဆိုပြီး ရေးသားခဲ့ပါတယ်။

ဒါရိုက်တာ မိုက်တီးကလဲ မိခင်အတွက် ဆုတောင်းပေးကြသူတွေအားလုံးကို ” မေတ္တာများစွာဖြင့် ဝိုင်းဆုတောင်းပေးကြလို့ ကျွန်တော့် အမေကြီး မနေ့က အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပါတယ်ခင်ဗျာ အမျိုးများအားလုံးကို ကျေဇူးပါ ၊ကျန်းမာကြပါစေ ခင်ဗျာ” လို့ ဆိုကာ ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ သူတို့ရဲ့ မိခင်ကြီး အမြန်ဆုံးသက်သာလာပါစေလို့လဲ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Snow(mcc)

(Visited 5849 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ